စစ်ကြောင်းက ပြန်လွှတ်ပေးလိုက်သည့် ကမ်းထောင်းကြီးမြို့မှ လူငယ်တစ်ဦး ဒဏ်ရာပြင်းထန်၍ ဆေးရုံတင်ရ

စစ်ကြောင်းက ပြန်လွှတ်ပေးလိုက်သည့် ကမ်းထောင်းကြီးမြို့မှ လူငယ်တစ်ဦး ဒဏ်ရာပြင်းထန်၍ ဆေးရုံတင်ရ

စိုးဇံအောင် — တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးလိုက်သည့် ကမ်းထောင်းကြီးမြို့ ဒေသခံလူ ငယ်နှစ်ဦးထဲမှ တစ်ဦးတွင် ရိုက်နှက်ဒဏ်ရာများ ရရှိလာသည့်အတွက် ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံတွင် တင်ထားရပြီး ဒဏ်ရာမသက်သာသဖြင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ ဆောင်ရမည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ကိုကြီး(၂၁) နှစ် ဖြစ်ပြီး နှာခေါင်းမှ ထွက်သည့်သွေးမှာ မတန့်ဖြစ်နေကြောင်း သူနှင့် အတူ စစ်ကြောင်းမှ လွတ်မြောက်လာသူ ကိုအောင်ဝင်းမြင့်က ပြောသည်။

"မနေ့က ၆ နာရီမှာ အမ်းမြို့နယ် မဲတောင်နားမှာ ကျွန်တော်တို့ဆိုင်ကယ်ကို တားပြီးတော့ ဖမ်းတယ်။ ပြီးတော့ ညဉ့် ၁၁ နာရီလောက်မှာပြန်လွှတ်ပေးတယ်။ ကျွန်တော်နဲ့ ပါတဲ့ နောက်တစ်ယောက် ကိုကြီးမှာ ရိုက်နှက်ခံရလို့ မျက်နှာမှာ ဒဏ်ရာတွေရလာတယ်။ ကမ်းထောင်းကြီး ဆေးရုံမှာ တင်ထားတာ။ သူ့မှာ နှာခေါင်းသွေးလျှံတာ မရပ်လို့ ဒီနေ့ စစ်တွေကို ဘုတ်နဲ့ ပို့ဖို့လုပ်နေတယ်။ ဘယ်လို ဖြစ်သွားလဲဆိုတာ အဲဒီမှာ ဓာတ်မှန်ရိုက်ကြည့်ရမယ်” ဟု အောင်ဝင်းမြင့်က ပြောသည်။

၎င်းတို့နှစ်ဦးသည် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၆ နာရီက မြေပုံမြို့နယ် စညှင်း ဒုက္ခသည်စခန်းတွင် ကယ်ဆယ်ရေးသွားရာမှအပြန် တပ်မတော်စစ်ကြောင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

စညှင်းဒုက္ခသည်စခန်းတွင် ကယ်ဆယ်ရေးပေးရန် ရောက်ရှိနေသည့် ရခိုင်ရဟန်းတော်များအဖွဲ့မှ အရှင်သဘာဝနဒီက"သူတို့ကို ညက ဖမ်းသွားတယ်လို့ လွတ်လာသူတွေက ပြောတယ်။ ပြန်လွတ်လာ တဲ့အခါ တစ်ယောက်မှာ ရိုက်နှက်ခံထားရတယ်လို့တော့ ဖုန်းဆက်ပြောတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

မြေပုံမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအား ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စကို ကြားသိရပြီး အသေးစိတ် သိရှိရန် စုံစမ်းလျက်ရှိကြောင်း၊ ဖုန်းအဆက်အသွယ် မရသေးဘဲ ဖြစ်နေကြောင်း ပြောသည်။

ကမ်းထောင်းကြီးဆေးရုံမှ ဆရာဝန် ဒေါက်တာမျိုးမင်းအောင်သို့ ဆက်သွယ်ရာ စစ်တွေသို့ လူနာ တစ်ဦး ပို့ဆောင်ရန် ရှိကြောင်း ပြောဆိုပြီး အလုပ်မအားသေးဟု ဆိုကာ ဖုန်းချသွားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...