မူဆယ်တွင် လက်နက်များသိမ်းဆည်းရမိ

မူဆယ်တွင် လက်နက်များသိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့တွင် လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၀ ရက္ တွင် မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ တော်ရွက်လှေဆိပ် သွားရာလမ်းရှိ ရေပြွန်ခေါင်း အတွင်း လက်နက်များ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်း ဝက်ဆိုဒ် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက်များမှာ ပါရိအမျိုးစားသေနတ် ၁၀လက်၊ ကျည်အိမ် ၉ ခု၊ လွယ်ကြိုး ၉ ချောင်း၊ အမ် ၂၂ သေနတ် တလက် တို့ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ မနေ့ က ကျနော်တို့ သိမ်းဆည်းရမိတာပါ။ ဘယ်အဖွဲ့ဟာလဲ။ ဘယ်သူဟာလဲဆိုတာ စုံစမ်းနေဆဲပါ” ဟု မူဆယ်မြို့ မ ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက်များနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း အရ ဆောင်ရွက်သွားမည်ဟု သိရသည်။

မူဆယ်သည် တရုတ်နယ်စပ် ဒေသတခုဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့၊ ပြည်သူ့စစ်ပေါင်းစုံ လှုပ်ရှားသည့်နေရာတခုဖြစ်သည်။

ထိုဒေသတွင် လက်နက် ရောင်းဝယ်မှု အလွယ်တကူ ရရှိသည့်ဒေသဖြစ်ပြီး၊ မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာတခုလည်း ဖြစ်သည်။

“ကျနော်တို့မြို့မှာက သေနတ် အလွယ်တကူ ရတယ်။ အခု သိမ်းရတဲ့ သေနတ်က နည်းသေးတယ်။ ပြည်သူ့စစ်တွေတောင် သေနတ်တွေကိုင်ပြီး မြို့ထဲသွားနေတာပဲ” ဟု တော်ရွက်ရပ်ကွက်နေ စိုင်းညွန့် က ပြောသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ တွင် မြန်မာ့တပ်မတော် မှ မူဆယ်မြို့အတွင်း ဖွင့်လှစ်ထားသည့် လောင်းကစားရုံများ ပိတ်ရန် ညွန်ကြားထားကြောင်း သိရသည်။

Photos by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ မူဆယ်တွင် သိမ်းဆည်းရမိသည့် လက်နက်များ

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...