သျှမ်းပြည် ၂ရက်ဆက်တိုက် ကျပ်သိန်း ၇၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

သျှမ်းပြည် ၂ရက်ဆက်တိုက် ကျပ်သိန်း ၇၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် ကျပ်သိန်း ၄၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၄ ရက်  ည ၇ နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် မူဆယ်-မန္တလေး ကားလမ်းမပေါ်တွင် အသက် ၁၉ နှစ်အရွယ် ရှိ ယာဉ်မောင်း ထွန်းလွင် နှင့် အသက် ၂၂အရွယ် ရှိ ဗီသင်္ကြန်လွင်(ခ)သားငယ်တို့ မောင်းလာသည့် ကားကို စစ်ဆေးရာ ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ပြား (ဒေသ ပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၄၀၀၀)၊ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန်၂.၅၉ ကီလို (ဒေသပေါက်ဈေး တန်ဖိုးငွေ ၇၇၇သိန်း)၊ လက်ကိုင်ဖုန်း ၃လုံး နှင့် မြန်မာငွေ ၁သိန်းခွဲ ကျပ်တို့ကို သိမ်းဆည်းရမိသည်။

ထိုနည်းတူ ဇန်နဝါရီ ၁၃ ရက် ညနေ ၄နာရီ တွင် သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် ၌ ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး ကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများသည် အသက် ၂၉ နှစ် ဟိန်းထက်နှင့် အသက် ၄၄နှစ် မင်းအောင်တို့မောင်းလာသည့် ကားကို ရပ်တန့်စစ်ဆေးရာ ကတ်တမင်း အလေးချိန် ၂၀ ကီလို (ကာလပေါက်ဈေး ကျပ်သိန်း ၂၀၀၀ ) နှင့် ICE အလေးချိန် ၅ ကီလို (ကာလပေါက်ဈေး ကျပ်သိန်း ၁၀၀၀) တို့ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သျှမ်းပြည် ကျောက်မဲမြို့ နယ်နှင့် ဆီဆိုင်မြို့နယ် အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး နှင့် ပတ်သက်ပြီး သယ်ဆောင်လာသူများကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေး လျက်ရှိကြောင်းသိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...