မူဆယ်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိ၊ ပိုင်ရှင်လွတ်မြောက်ဟု ဆို

မူဆယ်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိ၊ ပိုင်ရှင်လွတ်မြောက်ဟု ဆို

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိကာ ပိုင်ရှင် လွတ်မြောက်နေသည် ဟု သတင်းရရှိသည်။

ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် နောင်မို ကျေးရွာ ရှိ ဂိုဒေါင်၌ မူးယစ်ဆေးဝါး ချက်လုပ်ရာ အသုံးပြုသည်ဟု ယူဆရသည့် ထိန်းချုပ်ဓာတုပစ္စည်းများကို သိမ်းဆည်းရမိကြောင်း နောင်မို ကျေးရွာ ဒေသခံ စိုင်းဌေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဓာတုပစ္စည်းပိုင်ရှင်ကတော့ ဖမ်းဆီးမရလိုက်ဘူး။ အဲ့ ဂိုဒေါင် အငှားစာချုပ်မှာတော့ တရုတ်လူမျိုးပါ။ ပိုင်ရှင်က တရုတ်ဖြစ်မယ်။ တန်ဖိုး ကတော့ ကျနော်လည်းမသိဘူး ။ များတယ်” ဟု စိုင်းဌေး က ဆိုသည်။

အဆိုပါ ထိန်းချုပ် ဓာတု ကို သိမ်းဆည်း စဉ်တွင် မူဆယ်မြို့ရဲတပ်ဖွဲ့၊ မြန်မာ့တပ်မတော် နှင့် နောင်မို ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ပါဝင်ကြောင်းလည်း သိရသည်။

အဆိုပါ ထိန်းချုပ် ဓာတုပစ္စည်းသိမ်းဆည်းမှု အရေအတွက် တန်ဖိုးကို သက်ဆိုင်ရာ မူဆယ်မြို့ရဲစခန်းကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းရာ မသိရှိကြောင်း ပြောသည်။

ယခုလဆန်းပိုင်းတွင်လည်း မူဆယ်မြို့ နယ် ပန်ခမ်းကျေးရွာ အုပ်စု နောင်ရမ်းကျေးရွာ တွင်လည်း ကျပ်သိန်း ၂၂၅သိန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး ချက်ရာ ၌ အသုံးပြုသည့် ဓာတုပစ္စည်းများ သိမ်းဆည်းရမိကာ တရားခံလွတ်မြောက်နေဆဲ ဟု သိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...