မူဆယ်မြို့နယ်တွင် ကားတစ်စီး မီးလောင်

မူဆယ်မြို့နယ်တွင် ကားတစ်စီး မီးလောင်
Photos by မူဆယ်ဒေသခံ တစ်ဦး
Photos by မူဆယ်ဒေသခံ တစ်ဦး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ဇန်နဝါရီ ၁၂ ရက် ည ၈နာရီခွဲကျော်၌ ၁၂ဘီးကား တစီး မီးလောင်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့ နှင့် ၁၂မိုင်ကွာဝေးသည့် မော်တောင်းကျးရွာ နှင့် တာလုံကျေးရွာ ကြားတွင် မန္တလေးသို့ဆင်းသည့် ၁၂ဘီးကားတစီး မီးရှို့ခံရပြီး ကားမီးလောင်သည်ဟု မူဆယ်ဒေသခံများ ပြောပြချက် အရသိရသည်။

“ ကားမီးမရှို့ခံရချိန်မှာ သေနတ်သံ ၂ချက် ကြားရတယ်။ သေနတ်သံကြားရပြီး တော့ ကားမီးလောင်တော့တာပဲ။ မီးရှို့ခံရတဲ့ ကားက မူဆယ်ကနေ မန္တလေး ကို ဆင်းမယ့်ကားပါ။ ကားပေါ်မှာတော့ အိမ်ဆောက်ပစ္စည်းတွေ ပါပါတယ်” ဟု ကားမီးရှို့ ခံရသည့် အနီးပတ်ဝန်းကျင်တွင်နေထိုင်သူ စိုင်းရွှေမောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယင်း ကားမီးရှို့ခံရသည့်နေရာသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ က မကြာခဏ ဆက်ကြေးလာရောက်ကောက်ခံသည့်နေရာဖြစ်ကြောင်းလည်း စိုင်းရွှေမောင်က ပြောသည်။

“အဲ့နေရာက ကချင် လက်နက်ကိုင် အဖွဲ့ မကြာခဏ ဆက်ကြေးလာကောက်တယ်။ ဒီလ ၇ရက်နေ့ကလည်း ကုန်တင်ကား ၄စီး၊ ၁၁ရက်နေ့က ကုန်ကား ၅စီး ဆက်ကြေးပေးရတယ်။ မနေ့က ညှိတာမရလို့ နေမယ်” ဟု စိုင်းရွှေမောင် က ပြောသည်။

အဆိုပါ ဆက်ကြေးကောက်ရာတွင် ၁၂ဘီးကားတစီးလျှင် သိန်း ၆၀ ပေးဆောင်ရပြီး၊ ၂၂ဘီးကားဖြစ်ပါက သိန်း ၂၀၀ ပေးဆောင်ရကြောင်းလည်း ကားသမားများပြောပြချက် အရ သိရသည်။

အဆိုပါ မီးရှို့ခံရသည့် ၁၂ဘီးကားသည် ကျပ်သိန်း ၈၀၀ တန်ဖိုး ရှိပြီး၊ တင်ဆောင်လာသည့် ကုန်ပစ္စည်းတန်ဖိုးသည် ကျပ်သိန်း ၅၀၀ အထက်ရှိကြောင်း လည်း ကားသမား အသိုင်းအဝန်းက ပြောကြားသည်။

လက်ရှိမှာ မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ လက်ချက်ကြောင့် မီးလောင်သည်ကို အသေးစိတ်မသိရသေးပေ။

“ဟိုနေ့က ၂၂ဘီးကား သိန်း ၂၀၀ ဆက်ကြေးပေးရတယ်။ ကျနော်တို့ ကားသမားတွေ ကချင် လက်နက်ကိုင် တွေဆီ ငွေသွားဆောင်ရတယ်။ သွားမဆောင်ရန် လည်း မဖြစ်သင့်တာဖြစ်မှာ ကြောက်ရတယ်” ဟု မူဆယ်-မန္တလေး ကုန်ကားမောင်းသည့် ကိုရဲ က ပြောသည်။

ထိုကားမီးရှို့ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပေ။

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွက်ကျေးရွာ အနီးတွင် ယမန်နှစ် စက်တင်ဘာ တွင် ကုန်တင်ကား ၇ စီး မီးရှို့ခံ ခဲ့ရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...