စတုတ္ထကြိမ်မြောက် ၂၁ရာစု ပင်လုံ ကို ယခုနှစ်ဆန်းပိုင်းတွင် ကျင်းပမည်

စတုတ္ထကြိမ်မြောက် ၂၁ရာစု ပင်လုံ ကို ယခုနှစ်ဆန်းပိုင်းတွင် ကျင်းပမည်
Photo by Myanmar state counsellor office
Photo by Myanmar state counsellor office

ယခုနှစ်ဆန်းပိုင်း တွင် ၂၁ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ စတုတ္ထကြိမ်ကျင်းပရန် ဆုံးဖြတ်ချက် ချထားကြောင်း သတင်းရရှိသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ယနေ့(ဇန်နဝါရီ ၈) ရက် နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်ရေး၊ ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ စတုတ္တအကြိမ် အစည်းအဝေး ကို ဒီ ၂၀၂၀ ပြည်နှစ်ဆန်းပိုင်း ၄လကာလ အတွင်းမှာ ကျင်းပဖို့ ဆိုပြီးတော့ ကျနော်တို့ ခေါင်းဆောင်တွ ဆုံးဖြတ်ခဲ့ပါတယ်” ဟု နိုင်ငံတော် သမ္မတ ရုံးမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး က ယနေ့ JICM အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယနေ့ ပြုလုပ်သည့် JICM အစည်းအဝေးတွင် ဘုံသဘောတူညီချက် ၈ချက် ရရှိခဲ့ကြောင်းလည်း ဦးဇော်ဌေး က ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းဏသ် တစ်ဆို့မှု ကျော်လွှားရေး ဆွေးနွေးရန် အတွက် နှစ်ဖက် ညှိနှိုင်းရေး အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ များမှ တဆင့် ရလဒ်ကောင်းမွန်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး ကို ယနေ့ ၈ ကြိမ်မြောက် JICM အစည်းအဝေး က မီးစိမ်းပြ လိုက်ကြောင်း ဗိုလ်ချုပ် ယွက်စစ် က အစည်းအဝေး နိဂုံးချုပ် တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် အားလုံး ပါဝင်ရေး အတွက် ဆုံးဖြတ်ထားပြီး ဖြစ်သည့်အတွက် ကွင်းဆင်လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် တက်နိုင်သမျှ ကြိုးပမ်းစေလိုကြောင်းလည်း ဗိုလ်ချုပ် ယွက်စစ် က ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသည့် JICM အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့သည် JICM အကြိုညှိနှိုင်းမှု ကို ယမန်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...