တောင်ကြီးခရိုင် အတွင်း ဘိန်းခင်း ဧက ၉၀၀ ကျော် ဖျက်ဆီး

တောင်ကြီးခရိုင် အတွင်း ဘိန်းခင်း ဧက ၉၀၀ ကျော် ဖျက်ဆီး
Photo by မူးယစ်ရဲတပ်ဖွဲ့
Photo by မူးယစ်ရဲတပ်ဖွဲ့

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် အတွင်း ဘိန်းခင်း ဧက ၉၀၀ ကျော် ဖျက်ဆီး ခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက် ထိ ဖယ်ခုံမြို့နယ် အနီးတွင် ဧက ၃၁၂ နှင့် ပင်လောင်းမြို့နယ် အတွင်း ဘိန်းခင်း ဧက ၆၄၂ ဧက တို့ကို ဖျက်ဆီးခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

ဘိန်းခင်းများ သွားရောက်ဖျက်ဆီးရာတွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ နှင့် ကျေးရွာများ ပူးပေါင်းပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သျှမ်းပြည် အတွင်း ဘိန်းခင်း စိုက်ပျိုးသည့်ဒေသများမှာ သျှမ်းတောင်တွင် ဖယ်ခုံ၊ ပင်လောင်း နှင့် ဟိုပုံး မြို့နယ် တွင် အများဆုံးရှိကြောင်း သိရသည်။

မြန်မာ နိုင်ငံ တွင် ကချင်၊ ရှမ်း၊ ချင်းနှင့် ကယားပြည်နယ် တို့တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်ဆိုင်ရာရုံး ( UNODC) နှင့် ပူးပေါင်း ကာ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး စီမံကိန်း လုပ်ဆောင်လျက်ရှိသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...