မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ အောက်တိုဘာ တွင် ထပ်မံတွေ့ဆုံမည်

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ အောက်တိုဘာ တွင် ထပ်မံတွေ့ဆုံမည်
Photo by U Nay Min Kha/ ကျိုင်းတုံတွေ့ဆုံဆွေးနွေးပွဲ
Photo by U Nay Min Kha/ ကျိုင်းတုံတွေ့ဆုံဆွေးနွေးပွဲ

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ မြန်မာ့တပ်မတော်တို့သည် အောက်တိုဘာ လတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီမှု ရယူခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ကပြုလုပ်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ မြန်မာ့ တပ်မတော်တို့တွေ့ဆုံဆွေးနွေးပွဲသည် အပြုသဘောဆောင်ပြီး လာမည့် အောက်တိုဘာ လတွင် ထပ်မံ တွေ့ဆုံရန် ရှိကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်

ဦးဇော်ဌေး က ပြောသည်။

ယမန်နေ့ ပြုလုပ်သည့်တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် ၇ ချက် ရရှိခဲ့ကြောင်း သိရသည်။

ထို သဘောတူညီချက်များမှာ အပစ်ခတ်ရပ်စဲရေး Bilateral လက်မှတ်ရေးထိုးရန်၊ လက်ရှိတိုက်ပွဲ ချုပ်ငြိမ်းသွားအောင် ပြုလုပ်ရန်၊ IDP နေရာချထားရေး ကိစ္စ ဆောင်ရွက်ရန်၊ တပ်နေရာချထားရေး ကိစ္စ နှင့် နှစ်ဖက် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေး ကိစ္စ ကိုယ်စားလှယ်အဖွဲ့ထားရှိရန် တို့ဖြစ်သည်။

ထို့ပြင် နှစ်ဖက် ဖမ်းဆီးချုပ်နှောင်အရေးယူမှု ကိစ္စရပ်နှင့် ပတ်သက်ပြီး ညှိနှိုင်းသဘောတူရန်၊ NCA နှင့် ပတ်သက်ပြီး နှစ်ဖက် လက်ခံနိုင်သည့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရန်၊ နှစ်ဖက် ပစ်ခတ်ရပ်စဲရေး Bilateral အတွက် ဖြစ်ပေါ်လာရေး ရှေ့ဆက်ဆွေးနွေးသွားရန် တို့ဖြစ်သည်။

ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်ပြီး TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ်တာ့ဘုန်းကျော် က “ ရလဒ် ကတော့ အရင်ကနဲ့ မကွာဘူး။ အများကြီးကြိုးစားဖို့လိုတယ်။မဟုတ်ရင် ကျနော်တို့ ဆွေးနွေး ပွဲနဲ့ပဲ အချိန်ကုန်နေမယ်” ဟု ယမန်နေ့ ဆွေးနွေးပွဲ အပြီးတွင် မီဒီယာများမေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ကျိုင်းတုံတွင် ပြုလုပ်သည့်ဆွေးနွေးပွဲ တွင် တိုက်ပွဲလျော့ကျရေး ကိစ္စကို မဆွေးနွေးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲ လျော့ကျရေးသည် နှစ်ဖက်တပ်ဖြစ်သည့် မြန်မာ့တပ်မတော်နှင့် TNLAကို ဦးဆောင်နေသည့် သူများပေါ် မူတည်ကြောင်း လည်း တာ့ဘုန်းကျော်က ပြောသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...