လားရှိုးမြို့တောင်ဘက်ကျေးလက်အတွင်း တိုက်ပွဲဖြစ်ပွါးမှု စစ်ရှောင် ၇၀၀ကျော် ရှိ

လားရှိုးမြို့တောင်ဘက်ကျေးလက်အတွင်း တိုက်ပွဲဖြစ်ပွါးမှု စစ်ရှောင် ၇၀၀ကျော် ရှိ
Photo Credit to Sai Tiger Tai
Photo Credit to Sai Tiger Tai

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံရွာသား ရ၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

သြဂုတ်လ ၂၈ ရက် ယနေ့ မနက် ၆နာရီ ဝန်းကျင်က ညီနောင် မဟာမိတ် ၃ ဖွဲ့က လားရှိုးမြို့ အခြေစိုက် ရမခ တိုင်း စစ်ဌာနချုပ်လက်အောက်ရှိ နမ့်ပေါင် အုပ်စုအခြေစိုက်တပ်ရင်း တခု အား ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထို တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများ နမ့်ပေါင် အုပ်စု အတွင်းရှိ ဝေဠုဝန်ကျောင်းတွင် ၅၀၀ ဝန်းကျင်နှင့် နမ့်ပေါင် အလယ်ဘုန်းကြီးကျောင်းတွင် ၂၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြကြောင်း သျှမ်းလူငယ်များအဖွဲ့ မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီစစ်ရှောင်တွေက နမ့်ပေါင် ရပ်ကွက် တွေက လူတွေပါ။ ဘုန်းကြီးကျောင်းက မနက်ဖန် ဥပုလ်နေ့ဆိုတော့ ဥပုလ်သည်တွေကို ကျွေးဖို့ လုပ်ထားတာတွေကို စစ်ရှောင်တွေကျွေးလိုက်ရတယ်” ဟု စိုင်းဟန် က ပြောသည်။

ယနေ့ မနက် ၆နာရီ ဝန်းကျင် မှ စတင်ကာ ညီနောင် မဟာမိတ် (၃)ဖွဲ့သည် နမ့်ပေါ် အုပ်စု အထက ကျောင်းမှ နမ့်ပေါင် တပ်ရင်း ကို လှမ်းပစ်ခဲ့ရာမှ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများ ကျေးရွာ အတွင်း သို့ ကျရောက်ခဲ့သည် ဟု စိုင်းဟန် က ပြောသည်။

“ လက်နက်ကြီးတွေကတော့ ရပ်ကွက် ၂ ရဲ့ လယ်ကွင်းထဲမှာ ကျတယ်။ ၂လုံးကတော့ ပေါက်ကွဲတယ်။ ကျန် အလုံးတွေ မပေါက်ကွဲသေးတော့ ဒေသခံတွေက မပြန်ရဲသေးဘူး” ဟု စိုင်းဟန် က ထပ်လောင်းပြောသည်။

လက်ရှိတိုက်ပွဲများငြိမ်နေလျှက်ရှိပြီး လားရှိုး တန့့်ယန်း ကားလမ်းလည်း ပြန်လည် သွားလာ နေပြီဖြစ်ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...