မိုင်းခွဲဖျက်ဆီးခံရသော ဂုတ်တွင်းတံတားအား ပြန်လည်မွမ်းမံဆောက်လုပ်ပြီးစီး

မိုင်းခွဲဖျက်ဆီးခံရသော ဂုတ်တွင်းတံတားအား ပြန်လည်မွမ်းမံဆောက်လုပ်ပြီးစီး
 Credit to Min Nyoont/ facebook
Credit to Min Nyoont/ facebook

သျှမ်းပြည်မြောက်ပိုင်းနှင့်မန္တလေးတိုင်းနယ်စပ် နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားအား ဘေလီတံတားအဖြစ်ပြန်လည် ဆောက်လုပ်ပြီးစီးပြီးဖြစ်သဖြင့် ယနေ့ ကားများပြန်လည်ဖြတ်သန်းခွင့် ပေးနေကြောင်းသိရသည်။

သြဂုတ်လ ၂၀ ရက် နေ့လည်ပိုင်းက ကားငယ်များ ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ပြီး တံတားခံနိုင်ဝန် ၃၆ တန်အထိ ကား များဖြတ်သန်းခွင့်ပေးကြည့်မည်ဖြစ်ကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က သျှမ်းသံတော်ဆင့်အားပြောသည်။

“ဂုတ်တွင်းတံတား မိုင်းခွဲခံရပြီးနောက် ၀န်ကြီးချုပ်ကိုယ်တိုင်သွားကြည့်ရှုစစ်ဆေးပြီးတော့ အမြန်ဆုံး ပြန်လည် ဖွင့်လှစ် နိုင်အောင် ၊ ဆက်သွယ်မှုလမ်းကြောင်းမပြတ်တောက်အောင် ကုန်စည်စီးဆင်း မှုပြန်ကောင်း လာအောင် ဆိုပြီးတော့ တံတားအထူးအဖွဲ့များနဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့က တံတားကို ဆောင်ရွက်ခဲ့ပါတယ်။ ပေ ၂၀၀ ၊ သုံးလွှာတထပ် ဘေလီတံတားထိုးတာပြီးပါပြီ။ ပြီးရင်တော့ ၃၆ တန်အလေး ချိန်ကားတွေဖြတ်သန်း စမ်းသပ် ခွင့်ပေးမယ်။ စမ်းသပ်ပြီးရင်တော့ တံတားပေါ်ကနေ သတ်မှတ်တန်ချိန်နဲ့နီးတဲ့ ကားကြီးကားငယ်တွေကို ဖြတ်သန်းခွင့်ပေး ပါမယ်။ယာဉ်ကြောပိတ်ဆို့မှုမရှိအောင်အဲ့မှာစီမံပေးမှာဖြစ်ပါတယ်။ ” – ဟု ဦးစိုးစိုးဇော်က သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ ဂုတ်တွင်းတံတားကို သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။

ဂုတ်ထိပ်တံတားသည် နောင်ချိုမြို့ တောင်ဘက်ခြမ်းတွင်တည်ရှိပြီး မြန်မာ-တရုတ် ကုန်သွယ်ရေးအတွက် တိုက်ရိုက်ဆက်သွယ်ပေးသည့် ပြည်ထောင်စုလမ်းပေါ်ရှိ အဓိကအရေးပါဆုံးတံတားတစင်းဖြစ်သည်။ ယခင်က တရက်လျှင် ယာဉ်ကြီးငယ်အစီးပေါင်း ၁ သောင်းထက်မနည်းဖြတ်သန်းသွားလာခဲ့သည့်တံတားလည်းဖြစ်ပါသည်။

သြဂုတ်လ ၁၇ ရက်မနက်ပိုင်းကလည်း သိန္နီနှင့်ကွန်လုံအကြား တံတားငယ် ၂ စင်းလည်း အလားတူ မိုင်းခွဲဖျက်ဆီးခံထားရပါသည်။ ၄င်းနှင့်ပတ်သက်ပြီး သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက အဆိုပါတံတား ၂ စင်းကိုလည်း စစ်တပ်အင်အားဖြင့် ပြန်လည်မွမ်းမံနေပြီဖြစ်ကြောင်း ပြောဆိုပါသည်။

Credit to Min Nyoont/ facebook-

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...