ရွေးကောက်ပွဲအတွက် ကရင်၊ ထားဝယ်ပါတီများနှင့် မွန်ပါတီ ညှိုနှိုင်းမည်

ရွေးကောက်ပွဲအတွက် ကရင်၊ ထားဝယ်ပါတီများနှင့် မွန်ပါတီ ညှိုနှိုင်းမည်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံ နယ်မြေများ မထပ်စေရန် ကရင်နှင့် ထားဝယ်တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဟု မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်များက ပြောသည်။

အချင်းချင်း ယှဉ်ပြိုင်မှုမရှိစေရန် မွန်ညီညွတ်ရေး ပါတီအနေဖြင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ထားဝယ်တိုင်းရင်းသားများပါတီများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။

“အဓိကကတော့ ရွေးကောက်ပွဲဝင်ပြိုင်တဲ့အခါမှာ နေရာမထပ်အောင်နဲ့ အချင်းချင်းကြားမှာ မယှဉ်ပြိုင်ကြဖို့ပေါ့ ဒါကို ညှိသင့်တယ်ဆိုပြီးတော့ ကျွန်တော်တို့ ပါတီဘက်က သဘောထားချမှတ်ထားတာရှိတယ်” ဟု နိုင်လရီတမက ပြောသည်။

ရွေးကောက်ပွဲကိစ္စ ညှိနှိုင်းမည့်အကြောင်းကို မွန်ပါတီနှင့် အလွတ်သဘော ဆွေးနွေးထားတာရှိသည်ဟု တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ထားဝယ်တိုင်းရင်းသားပါတီများ ပါတီကပြောသည်။

“ရေဖြူမြောက်ပိုင်းလို နေရာမျိုးမှာပေါ့ အချင်းချင်းညှိနှိုင်းပြီး ဝင်ပြိုင်ကြရအောင်ဆိုပြီးတော့ အလွတ်သဘော ပြောထားတာရှိတယ်၊ ကော့သောင်းမှာလဲ အဲလိုပေါ့ မွန်များတဲ့နေရာနဲ့ ထားဝယ်များတဲ့နေရာနဲ့ အဲလို မဲဆန္ဒနယ်တွေမှာ ညှိနှိုင်းပြီး ဝင်ကြမယ် အဲလိုပြောထားတာရှိတယ်။ ဒါပေမယ့် တစ်ဘက်နဲ့တစ်ဘက် မဆွေးနွေးရသေးဘူး” ဟု ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဌ ဦးအေးမင်းက ပြောသည်။

မွန်၊ ကရင်နှင့် ထားဝယ်ပါတီများအကြား ရွေးကောက်ပွဲကိစ္စ တရားဝင်တွေ့ဆုံညှိနှိုင်းနိုင်အောင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း မွန်ညီညွတ်ရေးပါတီက ပြောသည်။

အင်အားကြီးပါတီ တစ်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီကတော့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများကိုသာ ဦးစားပေးသွားမည့် အစီအစဉ်များရှိသည် ဟု မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဦးဝင်းမော်ဦးက ပြောထားသည်။

မွန်ပြည်သူတစ်ရပ်လုံးက လိုလားနေသည့် မွန်တစ်ပါတီတည်းဖြစ်ရေး ဖြစ်လာပြီ ဖြစ်သည့်အတွက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီက အနိုင်ရရှိလိမ့်မည်ဟု မွန်ပြည်သူတို့က မျှော်လင့်နေကြသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်းဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့ကာ နိုင်ငံရေးပါတီအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ မှတ်ပုံတင် ခွင့်ပြုခဲ့သည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ် ၂ ခု နှင့် တိုင်းဒေသကြီး ၃ ခု တို့တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများ အတွင်းရှိ မြို့နယ် ၂၃ မြို့နယ်နှင့် အဆိုပါမြို့နယ်များအတွင်းရှိ ရပ်ကွက်များ/ကျေးရွာအုပ်စုများတွင် ပါတီရုံးခန်း များဖွင့်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းများကို ဆောင်ရွက်လျှက်ရှိသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...