PPST အစည်းအဝေးကို သြဂုတ်လ လယ်ခန့်တွင်ကျင်းပမည်ဟု RCSS ပြော

PPST အစည်းအဝေးကို သြဂုတ်လ လယ်ခန့်တွင်ကျင်းပမည်ဟု RCSS ပြော

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့စည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအား သြဂုတ်လ ၂၁ ရက်သို့ပြောင်းရွှေ့သွားသည်ဟုသိရသည်။

RCSS အတွင်းရေးမှူး ၂ လည်းဖြစ်ပြောရေးဆိုခွင့်လည်းဖြစ်သည့် ဗိုလ်မှူးကြီးစိုင်းငင်းက – PPST အစည်းအဝေးပေါ့။ တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးအကြောင်း ၊ ၂၁ ရာစု ပင်လုံညီလာခံ ဒီ ၂၀၁၉ ထဲမှာ ကျင်းပ မလား ၊ ကျင်းပရင်အဆင်ပြေမလား ဆိုတာကို ဆွေးနွေးမှာဖြစ်မယ်။ လူစုံအောင်စောင့်ရတာကြောင့်အစည်းအဝေးရက်နောက်ကျသွားတာပါ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

PPST အစည်းအဝေးအား သြဂုတ်လ ၅ ရက်နေ့တွင်ကျင်းပရန်လျာထားသော်လည်း သြဂုတ်လ ၂၁ မှ ၂၄ ရက်နေ့အထိ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ အစည်းအဝေးရက်ပြောင်းခြင်းနှင့်ပတ်သက်ပြီး 7 Day သတင်းဌာနက – KNU လည်း တက်ရောက်မည်ဖြစ်သဖြင့် ရက်အနည်းငယ်ရွှေ့ပေးရန် တောင်းဆိုလာသောကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ (RCSS/SSA , PNLO, CNF, ABSDF, KNU, DKBA, KNLA-PC, ALP ) စုပေါင်းကာ ၂၀၁၆ ခုနှစ်က PPST ကိုဖွဲ့စည်းလိုက်ပြီးလက်ရှိ PPST အစည်းအဝေးများတွင် NCA အကောင်အထည်ဖော်ဖက်များ ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ ခေါင်းဆောင်များ ပါတက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...