PPST အစည်းအဝေးကို သြဂုတ်လ လယ်ခန့်တွင်ကျင်းပမည်ဟု RCSS ပြော

PPST အစည်းအဝေးကို သြဂုတ်လ လယ်ခန့်တွင်ကျင်းပမည်ဟု RCSS ပြော

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့စည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအား သြဂုတ်လ ၂၁ ရက်သို့ပြောင်းရွှေ့သွားသည်ဟုသိရသည်။

RCSS အတွင်းရေးမှူး ၂ လည်းဖြစ်ပြောရေးဆိုခွင့်လည်းဖြစ်သည့် ဗိုလ်မှူးကြီးစိုင်းငင်းက – PPST အစည်းအဝေးပေါ့။ တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးအကြောင်း ၊ ၂၁ ရာစု ပင်လုံညီလာခံ ဒီ ၂၀၁၉ ထဲမှာ ကျင်းပ မလား ၊ ကျင်းပရင်အဆင်ပြေမလား ဆိုတာကို ဆွေးနွေးမှာဖြစ်မယ်။ လူစုံအောင်စောင့်ရတာကြောင့်အစည်းအဝေးရက်နောက်ကျသွားတာပါ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

PPST အစည်းအဝေးအား သြဂုတ်လ ၅ ရက်နေ့တွင်ကျင်းပရန်လျာထားသော်လည်း သြဂုတ်လ ၂၁ မှ ၂၄ ရက်နေ့အထိ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ အစည်းအဝေးရက်ပြောင်းခြင်းနှင့်ပတ်သက်ပြီး 7 Day သတင်းဌာနက – KNU လည်း တက်ရောက်မည်ဖြစ်သဖြင့် ရက်အနည်းငယ်ရွှေ့ပေးရန် တောင်းဆိုလာသောကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ (RCSS/SSA , PNLO, CNF, ABSDF, KNU, DKBA, KNLA-PC, ALP ) စုပေါင်းကာ ၂၀၁၆ ခုနှစ်က PPST ကိုဖွဲ့စည်းလိုက်ပြီးလက်ရှိ PPST အစည်းအဝေးများတွင် NCA အကောင်အထည်ဖော်ဖက်များ ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ ခေါင်းဆောင်များ ပါတက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...