တန့်ယန်းမြို့နယ်အတွင်း SSPP/SSA တပ်များအား မြန်မာအစိုးရတပ်မတော် တိုက်ခိုက်

တန့်ယန်းမြို့နယ်အတွင်း SSPP/SSA တပ်များအား မြန်မာအစိုးရတပ်မတော် တိုက်ခိုက်

ထိုတိုက်ပွဲသည် ၂၀၁၉ သြဂုတ်လ ၆ ရက် မွန်းလွဲ ၂ နာရီ မှ ညနေ ၄နာရီ ကျော်ထိ မြန်မာအစိုးရတပ်မတော် ခြေလျင်တပ်ရင်းအမှတ် ခလရ ၁၂၇ ၊ ခြေမြန်တပ်ရင်း ခမရ ၅၂၃ တို့ မှ တန့်ယန်းမြို့နယ် နားပိန်းကျေးရွာ ဘက်ရှိ SSPP/SSA မူးယစ်ဖြတ်ရေး တပ်အား တိုက်ခိုက်ခြင်းဖြစ်သည်ဟု SSPP/SSA အတွင်းရေးမှူး ၂ လည်းဖြစ်သည့် ပြောရေးဆိုခွင့်သူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျနော်တို့မူးယစ်ဆေးဝါးစစ်ဆေးမှုတွေ ပြုလုပ်တယ်။ သုံးစွဲသူ ၂၉ ယောက် ဖမ်းဆီးတာကို စစ်သား စုဆောင်းတယ်ဆိုပြီး ကျနော်တို့ကို မြန်မာ တပ်မတော် က ဝင်ပစ်တာပါ။ ထိခိုက်မှုတော့ သေချာ မသိသေးဘူး” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က ဆိုသည်။

လက်ရှိတွင် အစိုးရတပ်မတော်သည် သုံးဘက်သုံးတန်ဖြင့် အင်အားဖြည့်နေကြောင်း၊ တိုက်ပွဲ ဆက်ဖြစ်လာ နိုင်မည့် အလားအလာရှိကြောင်း SSPP/SSA ရှေ့တန်းတပ်မှူးကြီး ကလည်းပြောသည်။

တန့်ယန်း စစ်ဗျူကုန်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက -“ SSPP က မူးယစ်ဆေး စစ်ဆေးတယ် အကြောင်းပြပြီး လူအင်အားစုစောင်းတယ်။ တပ်မတော်မူ ၆ ချက်ကို ချိုးဖေါက်နေလို့ သွားရှင်းလင်းတယ်လို့ ကြားတယ် ”- ဟု ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတည်ဆောက် ထားသည့် အဖွဲ့သာဖြစ်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိသေးပါ။

မူးယစ်ဆေး သုံး သည့် ဒေသခံများအား သျှမ်းပြည်တပ်မတော် SSPP/SSA မှ ဆီးစစ်ပြီး မူးယစ်ဆေးသုံးစွဲ ကြောင်း တွေ့ရှိက ဆေးပြတ်သည်အထိ ဆေးဝါးကုသမှု၊ အကျင့်စာရိတ္တပြုပြင်မှုများ ပြုလုပ်ပေးချင်းဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။

မြန်မာ အစိုးရ တပ်မတော် အနေဖြင့် ဇူလိုင် ၁ ရက မှ သြဂုတ်လ ၃၁ ရက် အထိ တိုင်း စစ်ဌာနချုပ် ၅ တိုင်း ဖြစ်သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေ နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေများ ကို စစ်ရေး လှုပ်ရှားမှု ရပ်ဆိုင်းထားကြောင်း ကြေညာထားသည့်ကြား တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...