မွန်ပြည်နယ် ၃ မြို့နယ်တွင် လေပြင်တိုက်ခတ်၍ နေအိမ် သုံးရာကျော် ပျက်စီး

မွန်ပြည်နယ် ၃ မြို့နယ်တွင် လေပြင်တိုက်ခတ်၍ နေအိမ် သုံးရာကျော် ပျက်စီး

သြဂုတ်လ ပထမအပတ်မှာ မွန်ပြည်နယ်အတွင်းက သထုံမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လေပြင်တိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ကျောင်းများနှင့် ဌာနဆိုင်ရာအဆောက်အဦးများ အခြားအဆောက်ဦးပေါင်း ၃၃၀ ခန့် ပျက်စီးသွားကြောင်း သိရသည်။

ရေးမြို့နယ်တွင် လေဘေးကြောင့် အိမ်ထောင်စု ၃၇ စု၊ တွင် လူဦးရေးစုစုပေါင်း ၁၇၃ ဦးကို ကျေးရွာရှိ ရွာလယ်ဘုန်းကြီးကျောင်းတွင် ရွေ့ပြောင်းထားရပြီး ထိုသူများကို ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေ ၂၁၀၀ ကျပ်နှင့် ပျက်စီးသွားသည့် အိမ်များအတွက် တစ်အိမ်လျှင် နှစ်သိန်းကျပ် ၊ယိုင်သွားသည့် အိမ်များအတွက် ၅ သောင်းကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၅ ရက်နေ့ မနက် ၂ နာရီခန့်တွင်လည်း ချောင်းဆုံမြို့နယ်တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၇ လုံး ပျက်စီးသွားပြီး ၊ သံဃာဆေးရုံ ၊မြို့နယ်ဆေးရုံ ၊ အာကစားရုံတို့မှာလည်း ပျက်စီးမှုတွေ ရှိခဲ့ပြီး ကျပ်ငွေ သိန်းငါးဆယ်ခန့် ယာယီထောက်ပံံ့ထားကြောင်း သိရသည်။

ထို့အပြင် သထုံမြို့နယ်တွင်လည်း သြဂုတ်လ ၂ ရက်နေ့တွင် လေဘေးကြောင့် နေအိမ် ၁၂၇ လုံး ပျက်စီးခဲ့ပြီး ထိုထဲတွင် သာသနာအဆောက်အဦးများနှင့် ဌာနဆိုင်ရာ အဆောက်အဦးများ ပါဝင်ကြောင်း၊ စာသင်ကျောင်း ၁၅ ကျောင်း ပါဝင်ကြောင်း သထုံမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ဒေသခံတွေအနေနဲ့ကတော့ ရေကြီးတာက စားနပ်ရိက္ခာလာပို့ပေးပြီး အိမ်မှာ နေလို့ရသေးတယ်၊ အခုက လေပြင်းတိုက်တာ အမိုးတွေလန်၊ အိမ်တွေပြိုကျဆိုတော့ ဘာမှကို နေလို့လည်းမရ၊ အိပ်လို့လည်းမရ၊ လေဘေးက ပိုဆိုးတာပေါ့ ဒီကြားထဲ မိုးကလည်း ရွာသေးတယ်၊ သူတို့ကတော့ နီးစပ်ရာအိမ်တွေမှာပဲ နေကြတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

သထုံမြို့နယ်မှ လေဘေးဒုက္ခသည်တွေအတွက် ပြည်နယ်အစိုးရမှ ရန်ပုံငွေ ကျပ်သိန်းနှစ်ရာ ထောက်ပံ့ပေးထားကြောင်း သိရသည်။

“ လူကယ်ပြန်က ထောက်ပံ့တဲ့ပုံစံအတိုင်း အစိုးရအဖွဲ့ကလည်း ထပ်မံထောက်ပံ့သွားမှာပါ ပြည်သူတွေအနေနဲ့ အထောက်အကူတစ်ခုတော့ ရမယ်လို့ထင်ပါတယ် လူကယ်ပြန်ရော အစိုးရရောဆိုတော့ နှစ်ဆလောက် ထောက်ပံ့ပေးနိုင်မှာပါ “ ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

မွန်ပြည်နယ်အစိုးရအနေနှင့် ၂၀၁၉ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အသုံးပြုနိုင်ရန် မွန်ပြည်နယ်အစိုးရ၏ ၂၀၁၈-၁၉ ဖြည့်စွက်ရန်ပုံငွေ ဘတ်ဂျက်တွင် ကျပ်သန်း ငါးရာ လျာထားကြောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ သိရသည်။

May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...