ရခိုင်ပြည်နယ်အတွင်း H1N1 ရောဂါပိုးတွေ့ရှိသူ ၉ ဦးအထိရှိလာ

ရခိုင်ပြည်နယ်အတွင်း H1N1 ရောဂါပိုးတွေ့ရှိသူ ၉ ဦးအထိရှိလာ

ရခိုင်ပြည်နယ်အတွင်း H1N1 ရောဂါပိုးတွေ့ရှိသူ ၉ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလမှ  ဇူလိုင်လ ၂၅ ရက်နေ့ထိ H1N1 ရောဂါပိုးတွေ့ရှိသူ ၆ ဦးရှိခဲ့ပြီးနောက် ဇူလိုင် ၂၅ ရက်နေ့မှ ယနေ့ထိ နောက်ထပ် ၃ ဦးထပ်တိုးလာခဲ့ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း H1N1 ရောဂါပိုးတွေ့ရှိသူများမှာ စစ်တွေမြို့နယ်မှ  ၄ ဦး၊ မာန်အောင်မှ ၁ ဦး၊ အမ်းမှ ၂ ဦး၊ သံတွဲမှ  ၁  ဦးနှင့် တောင်ကုတ်မှ ၁ ဦး၊ စုစုပေါင်း ၉ ဦးဖြစ်ကြောင်း ဒေါက်တာ  စိုးဝင်းပိုင်က ပြောသည်။

“ရခိုင်တစ်ပြည်နယ်လုံက အားလုံးပေါင်း ဆေးစစ်ကြည့်ထားတာက ၆ဝ ပါ။  AH3 က ၁၈ ယောက်၊ H1N1 က ၉ ယောက်၊  ကျန်တဲ့ ၃၃ ယောက်တော့ မတွေ့ဘူး။  ရာသီတုပ်ကွေးရောဂါမှာ မျိုးကွဲပေါင်း  ၁၄ဝ ကျော်ရှိပြီး  အဲ့ဒီထဲကမှ ပြင်းထန်တဲ့ ရာသီတုပ်ကွေးရောဂါများကို အမြဲတမ်း စောင့်ကြည့်နေတယ် ” ဟု ဒေါက်တာ စိုးဝင်းပိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင်  ယခုနှစ်မိုးရာသီအတွင်း  H1N1 ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိသော်လည်း  ၄င်း ရောဂါဖြင့် သေဆုံးသူ မရှိသေးဟုလည်း ပြောဆိုသည်။

H1N1 ရောဂါ(ခေါ်) ရာသီတုပ်ကွေးရောဂါသည် မိုးတွင်းကာလတွင်အဖြစ်များတတ်ပြီး ကလေးငယ်များနှင့် ကိုယ်ခံအားနည်းသူများတွင်အဖြစ်များတတ်သလို တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းသူများတွင်လည်း အဖြစ်များတတ်သည့် ကူးစက်ရောဂါအမျိုးအစားဖြစ်ကြောင်း သိရသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် ဇူလိုင်လ ၃ဝ ရက်နေ့အထိ H1N1 ရောဂါဖြစ်ပွားသူမှာ ၄၂၂ ဦးရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၈၁ ဦးရှိသွားပြီဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...