Published
Tuesday, July 30, 2019
မြန်မာဘာသာ အစီအစဉ် (ဇူလိုင်လ ၂၉၊ ၂၀၁၉)
တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူကုန်ကူးမှုဖြစ်စဉ်တွေကို အရေးယူမှု ပြုလုပ်ဖို့ ခက်ခဲနေတယ်လို့ ကချင်ပြည်နယ်အတွင်း လူကုန်ကူးခံရမှုဆွေးနွေးပွဲမှာ ပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ်မှာတော့ မူကြိုဆရာမ အသတ်ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ရက္ခိုင့်တပ်မတော်(AA)နဲ့ ပတ်သက်တယ်လို့ သံသယနဲ့ဖမ်းဆီးစစ်ဆေးခံနေရသူ ၅၆ ယောက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။






