သံတွဲသို့ ဘိလပ်မြေအိတ်များတင်ဆောင်ခုတ်မောင်းလာသည့် ထာဝရအားမာန်ကုန်တင်သင်္ဘောနစ်မြုပ်၊ သင်္ဘောသားခုနှစ်ဦး ပျောက်ဆုံးနေ

သံတွဲသို့ ဘိလပ်မြေအိတ်များတင်ဆောင်ခုတ်မောင်းလာသည့် ထာဝရအားမာန်ကုန်တင်သင်္ဘောနစ်မြုပ်၊ သင်္ဘောသားခုနှစ်ဦး ပျောက်ဆုံးနေ
Photo from Tun Thant Kyaw facebook
Photo from Tun Thant Kyaw facebook

ရခိုင်ပြည်နယ် သံတွဲ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘော MV ထာဝရအားမာန်သည် ရာသီဥတု ဆိုးရွားမှုကြောင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်၊ ပြင်စလူမြို့  ပြာမလော့မြစ် ရေမိုင် ၇ မိုင်ခန့်အကွာတွင် ဇူလိူင် ၂၅ ရက်နေ့က နစ်မြုပ်သွားခဲ့သည်ဟု သတင်းရရှိသည်။

သင်္ဘောနစ်စဉ် သင်္ဘောပေါ်တွင် သင်္ဘောသား ၁၉ ဦး လိုက်ပါလာပြီး ၉ ဦးကို နစ်မြုပ်သည့်နေ့တွင်ပင် ရှာဖွေကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၃ ဦးကို ဇူလိူင် ၂၆ ရက်နေ့တွင် ထပ်မံရှာဖွေတွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကျန် ပျောက်ဆုံးနေသူ ၇ ဦးကို ထပ်မံ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရသည်။

၎င်းသင်္ဘော MV ထာဝရ အားမာန်ရေယာဉ်မှာ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ ရေယာဉ်မှူး ဦးဆန်းမင်း မောင်းနှင်၍ ရေယာဉ်လုပ်သား ၁၈ ဦး လိုက်ပါလျှက် ရခိုင်ပြည်နယ် သံတွဲမြို့ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းတွင် အသုံးပြုမည့် ဘိလပ်မြေအိတ်အလုံးရေ ၂၅ဝဝဝ လုံး တင်ဆောင်ကာ ခုတ်မောင်းလာခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်ဖက်သို့ ထွက်ခွာလာစဉ် ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ရာသီဥတု ဆိုးရွားပြီး လိူင်းလေထန်၍ သင်္ဘောဘယ်ဘက်ခြမ်းမှာ တိမ်းစောင်းနစ်မြုပ်ခဲ့ကြောင်း သိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...