မိုင်းတုံ မြို့တွင် အသက် ၆၀ ကျော် အမျိုးသား တဦး ခေါင်းဖြတ်သတ်ခံရ

မိုင်းတုံ မြို့တွင် အသက် ၆၀ ကျော် အမျိုးသား တဦး ခေါင်းဖြတ်သတ်ခံရ

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ နောင်ပါရင်ရွာ  တွင် အသက် ၆၀ ကျော် အမျိုးသား တဦး ၄င်း၏ ယာတောအတွင်း ခေါင်းဖြတ်ခံရသည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက အသက် ၆၅ နှစ် အရွယ် ဦးအိုက်တူး နှင့် ဇနီးဖြစ်သူ ဒေါ်နာမွေတို့ သည် စကားများကြပြီးနောက် ဦးအိုက်တူး မှာ တောင်ယာ သို့ ထွက်သွားခဲ့သည်။

ထို မနက် ၁၀ နာရီ ဝန်းကျင်တွင် ဇနီးဖြစ်သူ ဒေါ်နာမွေ သည် တအိမ်တည်းနေသူ ကျော်ရွှေဘ နှင့် အတူ တောင်ယာသို့ထမင်းသွား ပို့စဉ် ဦးအိုက်တူး ခေါင်းဖြတ် သေဆုံးနေသည် ကို မြင်တွေ့ခဲ့ကြောင်း ဇနီးဖြစ်သူက တာဝန်ရှိသူများထံပြောသည်ဟုသိရသည်။

ထို တွေ့ဆုံမှု နှင့် ပတ်သတ်ပြီး ခေါင်းဖြတ်သတ်ခံရသည့် ဦးအိုက်တူး ရုပ်အလောင်း ကို ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ ဦးအိုက်တူး ၏ ဦးခေါင်းသည် အခင်းဖြစ်သည့်နေရာနှင့် ပေ ၂၅၀ ခန့် အကွာ ခြုံကြားတွင် စစ်စောင်ကြားဖြင့် ထုတ်ထား ပြီး၊ ဦးအိုက်တူး ကို လုပ်ကြံရာတွင် အသုံးပြုသည့် တပေခန့်ရှိသည့် ဓားတချောင်းပါ ထိုအနီးတွင် တွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများကပြောသည်။

အဆိုပါ ဦးအိုက်တူး ခေါင်းဖြတ် သတ်ခံရသည့် ကိစ္စ နှင့် ပတ်သတ်ပြီး မိုုင်းတုံ မြို့ဒေသခံ စိုင်းဆေလုံ က “ လက်ရှိမှာ သူ့ (ဦးအိုက်တူး ) မိန်းမကို ရဲက ဖမ်းထားတယ်။ သူတို့နဲ့ အတူနေတဲ့ တယောက်ကတော့ ထွက်ပြေးနေတယ်။ တကယ်လို့ အမှားမလုပ်ရင် ထွက်ပြေးစရာ မလိုဘူးလေနော် ။ စဉ်းစားစရာပေါ့” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အသက် ၆၀ ကျော် အမျိုးသား တဦးကို ခေါင်းဖြတ် သတ်သည်မှာ မစဉ်းစားဝံ့ကြောင်း၊ အိမ်တွင်းရေး ပြဿနာ ဖြစ်နိုင် သကဲ့သို့ မူးယစ်ဆေးဝါး ပြဿနာလည်း ဖြစ်နိုင်ကြောင်း စိုင်းဆေလုံ က မှတ်ချက်ပြုလိုက်သည်။

ရဲတပ်ဖွဲ့ ဝင်များက ဒေါ်နာမွေ အား စစ်ဆေးရန် သွားရောက်စဉ် ၎င်းသည်လည်း နေအိမ် တွင် မရှိဘဲ အိမ်ကို သော့ခတ်ထားပြီး တိမ်းရှောင်ခဲ့ကြောင်းသိရသည်။

ထွက်ပြေး တိမ်းရှောင်သည့် ဒေါ် နာမွေ ကို အခင်းဖြစ်ပွားသည့် နေရာ အနီးရှိ နေအိမ်တလုံး ၏ အိမ်သာ ထဲတွင် ရွှေဆွဲကြိုး ၃ကုံး၊ လက်စွပ် ၂ကွင်း ကျပ်ငွေ ၁၃သိန်း ကျော် ထိုင်း ဘတ်ငွေ (၅၉ ၀၀၀)နှင့် အဝတ်အစားအိတ် နှင့် အတူ ဖမ်းဆီးရမိပြီး ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်းသိရသည်။

လက်ရှိမှာ သံသယရှိသူ တဦး ဖြစ်သည့် ကျော်ရွှေဘ မှ ထွက်ပြေး တိမ်းရှောင်နေဆဲ ဟုလည်း သိရသည်။

တဖက်တွင်လည်း အဆိုပါခေါင်းဖြတ်မှု လက်သည်မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပေ။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...