တာချီလိတ်မြို့နယ် အတွင်း ထိုင်းနိုင်ငံ ၆ ဦး နှင့် မြန်မာ နိုင်ငံသား ၂ ဦးထံမှ လက်နက်ခဲယမ်း များဖမ်းမိ

တာချီလိတ်မြို့နယ် အတွင်း ထိုင်းနိုင်ငံ ၆ ဦး နှင့် မြန်မာ နိုင်ငံသား ၂ ဦးထံမှ လက်နက်ခဲယမ်း များဖမ်းမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာ အုပ်စု ပါလိုင်ကျေးရွာတွင် ဇူလိုင် ၂ ရက် ညနေပိုင်းက မြန်မာနိုင်ငံသား ၂ ဦး နှင့် ထိုင်းနိုင်ငံသား ၆ ဦးထံ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ ကျေးရွာအတွင်း ထိုင်းနိုင်ငံသား ၆ ဦး တရားမဝင် နေထိုင်နေသည်ဟု သတင်းရရှိပြီး တာချီလိတ်ရဲများဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသား အမျိုးသားတဦး၊ အမျိုးသမီး တဦး အပါအဝင် ထိုင်းနိုင်ငံသား အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၃ ဦး စုးပေါင်း ၈ ဦး အား လက်နက် ခဲယမ်း များနှင့်အ တူ ဖမ်းဆီးရမိကြောင်း မြန်မာ နို်င်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဖမ်းဆီးရမိသည့် လက်နက် ခဲယမ်းများမှာ ခြောက်လုံးပြူး သေနတ် ၂ လက်၊ 9 MM ပစ္စတို သေနတ် ၃လက်၊ AK 47 သေနတ် ၃ လက်၊ M16 သေနတ် ၂ လက်၊ ၁၂ ဗို့ တလုံးထိုး သေနတ် ၃ လက်၊ M12 တလက်၊ M22 ရိုင်ဖယ် တလက် နှင့် ကျည် မျိုးစုံ စုစုပေါင်း (၁၉၅၀) တောင့် သိမ်းဆည်းရမိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် VIGO မော်တော်ယာဉ် ၃ စီး၊ MARK-X အမျိုးအစားယာဉ် တစီး တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီး ရမိသူ ၈ ဦး ကို ဥပေဒ အရ အရေးယူနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အတွင်း ထိုင်းနိုင်ငံသားများ၊ တရုတ်နိုင်ငံသားများ တရားမဝင် လာရောက် နေထိုင် ခြင်းများစွာရှိနေကြောင်း၊ သက်ဆိုင်ရာမှ သေချာ စွာ စိစစ်သင့်ကြောင်းလည်း တာချီလိတ်ဒေသခံ များက ပြောသည်။

“ တရုတ်၊ ထိုင်းတွေ အိမ်ခန်းငှားရင် တရားဝင် လာတာလား။ ဒါမှမဟုတ် တရားမဝင် လာတာလားဆိုတာ အိမ်ရှင်တွေ ကလည်း စစ်ဆေးသင့်တယ်။ နောက် တရားမဝင် ရဲ့ နောက်ဆက်တွဲ ပြဿနာတွေ အရမ်းများတယ်” ဟု တာချီလိတ်ဒေသခံ တဦးက ပြောသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...