ရခိုင်အမျိုးသားပါတီညီလာခံ ဒုတိယနေ့ သတ်မှတ်ချိန်ထက် ၂ နာရီ အချိန်ပိုသွား၍ ပွဲဦးဆောင်သူနှင့် ခန်းမပိုင်ရှင် ခံဝန်လက်မှတ်ရေးထိုးရ

ရခိုင်အမျိုးသားပါတီညီလာခံ ဒုတိယနေ့ သတ်မှတ်ချိန်ထက် ၂ နာရီ အချိန်ပိုသွား၍ ပွဲဦးဆောင်သူနှင့် ခန်းမပိုင်ရှင် ခံဝန်လက်မှတ်ရေးထိုးရ

မာန်ယုကျော် (ရွှေဝမြေ) - မေလ ၃၀ နှင့် ၃၁ ရက်နေ့ ကျင်းပ ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ညီလာခံ ဒုတိယနေ့တွင် သတ်မှတ်ချိန်ထက် ၂ နာရီ အချိန် ပိုလွန်သွားသဖြင့် ပွဲဦးဆောင်သူနှင့် ခန်းမပိုင်ရှင်တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေမြို့ အာရိယာန် ခန်းမတွင် ညီလာခံ ကျင်းပပြုလုပ်ခဲ့သည့် အချိန်ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ သတ်မှတ်ပေးထားရာ ဒုတိယနေ့ မေလ ၃၁ ရက်နေ့တွင် ဆွေးနွေးပွဲ မပြီးပြတ်နိုင်သဖြင့် ညနေ ၇ နာရီထိ ၂ နာရီကြာ အချိန်ပိုယူကာ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

ထိုသို့ အချိန် ၂ နာရီတိုးပြီး ပြုလုပ်ခဲ့သဖြင့် သက်ဆိုင်သူ ၂ ဦးကို ဇွန်လ ၅ ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ခေါ်ယူကာ လက်မှတ်ရေးထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။

"၃၁ ရက်နေ့ကကျင်းပရာမှာ ဗဟိုကော်မတီတွေကို မဲပေးဖို့အချိန်မှာ အချိန်က မလုံမလောက် ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ သူတို့ ရဲက လာတယ်။ ဒီမှာကလည်း ပွဲက အဲဒီအချိန် ဖြတ်လို့ မရသေးဘူး။ ဒါကြောင့် ကျနော် မြို့နယ်အုပ်ချုပ်ရေးမှူးဆီ စာတစ်စောင်ရေးပို့ခဲ့ပါတယ်။ အချိန်ကျော်သွားတဲ့အတွက် နားလည် ခွင့်လွတ်ပေးမယ့် အကြောင်းပေါ့လေ။ နောက်တော့ မနေ့က ကျနော့်ကိုခေါ်ပြီးတော့ နောက်တစ်ခါ ငြိမ်း/စု/စီတင်ထားတဲ့အတိုင်း သတ်မှတ်ထားတဲ့အချိန်ထဲမှာ အချိန်အတိအကျလုပ်ဖို့ ပြောပါတယ်။ ပြီးတော့ ခံဝန်လက်မှတ်ထိုးခိုင်းတယ်။ ကျနော်လည်း ထိုးပေးလိုက်ပါတယ်။ မဟုတ်ရင် နောက် အဆင့်ဆင့် စကားတွေပြောနေဦးမှာမို့ပါ။"ဟု ညီလာခံကျင်းပခွင့်တင်ခဲ့သူ ရခိုင်အမျိုးသားပါတီ၏ စစ်တွေမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဦးအေးသိန်းနှင့်အတူ အာရီယာန်ခန်းမပိုင်ရှင် ဦးမောင်မောင်လည်း ခံဝန်လက်မှတ်ထိုးခဲ့ရသည်ဟုဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုသဖြင့် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးသို့ နံနက် ၁၁ နာရီ ၂၅ မိနစ်က ဖုန်းဖြင့် ဆက်သွယ်ရာ လက်ခံ ဖြေဆိုခြင်းမရှိသဖြင့် အစိုးရဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

ရခိုင်အမျိုးသားပါတီညီလာခံကို အာရီယာန်ခန်းမတွင် မေလ ၃ဝ နှင့် ၃၁ ရက်နေ့တို့တွင် ကျင်းပခဲ့ရာ ဆွေးနွေးအတည်ပြုမှုမပြီးပြတ်ခဲ့သည့်အတွက် ဇွန်လ ၁ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်ရုံးတွင် ဆက်လက်ကျင်းပခဲ့ရသည်။

Most read this week

September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...