မြောက်ဦးတိုက်ပွဲပြင်းထန်၊ နံနက် ၅ နာရီမှ စပြီး လေယာဉ်နှင့် တိုက်ခိုက်

မြောက်ဦးတိုက်ပွဲပြင်းထန်၊ နံနက် ၅ နာရီမှ စပြီး လေယာဉ်နှင့် တိုက်ခိုက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ရဲတပ်ရင်းအနီးတွင် ဧပြီလ ၉ ရက် ညဉ့် ၁၀ နာရီ ၁၀ မိနစ်ခန့်က ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီ ၁၀ ရက် နံနက် ၅ နာရီမှ စပြီး အစိုးရတပ်ဘက်မှ လေယာဉ် အသုံးပြု တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

“ ကျွန်တော်တို့ သေနတ်သံကြားရတာက အမှတ် (၃၁) ရဲတပ်ရင်း ဘက်က ကြားရပါတယ်။ ညဉ့် ၁၀ နာရီ ၈ မိနစ်က စကြားရပါတယ်။ လက်နက်ကြီး လက်နက်ငယ် အသံတွေ အစုံကြားရပါတယ်။ AA နဲ့ တိုက်ပွဲ ဖြစ်နေတယ်လို့ ထင်ရတယ်။ ဘယ်သူမှ အပြင်မထွက်ရဲတော့ ဘာဖြစ်နေတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပါ” ဟု မြောက်ဦးမြို့ထဲမှ ဦးစောဖြူသိန်းမှ ပြောကြားသည်။

တိုက်ပွဲထဲမှ သေနတ်သံများကို တစ်ညဉ့်လုံးကြားနေခဲ့ရပြီး ယနေ့ ဧပြီ ၁၀ ရက် နံနက် ၅ နာရီမှ စတင်ကာ အစိုးရ တပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ လေယာဉ်ပေါ်က ပစ်ချတဲ့ အသံတွေကြားနေရတယ်။ အကြီးအကျယ် ချနေပါတယ်။ ဗုံးတွေလည်း ချတယ်။ လေယာဉ်ပေါ်ကနေ ပစ်တာတွေလည်း မီးတန်းတွေကို မြင်နေရပါတယ်။ နံနက် ၅ နာရီကနေ လေယာဉ်နဲ့ ချနေတာ အခုအချိန်ထိပါဘဲ” ဟု ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်က ဆက်သွယ်စဉ် ၎င်းက ပြောကြားသည်။

မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးသို့ ထပ်မံ ဆက်သွယ်ရာ ၎င်းက “ ခေါင်းပုံပြင်၊ ရဲတပ်ရင်းနောက်က တောင်တန်းတွေနဲ့ မင်္ဂလာမာန်အောင် အနီး နတ်တောင်နဲ့ ပန်းဈီးမြောင်းတို့က မနေ့ ညဉ့်က သေနတ်သံတွေ ကြားခဲ့ရတာပါ။ ပြင်းပြင်းထန်ထန် ဖြစ်နေကြတာပါ။ တစ်ညဉ့်လုံးကြားရပါတယ်” ဟု ပြောကြားသည်။

၎င်းနေရာများမှာ မြို့နှင့် နီးကြောင်း ၎င်းက ပြောကြားသည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...