ပိတ်မိပြည်သူ လွှတ်ပေးရေး လှုပ်ရှားသူ ၃ဦး အား ကချင် ‘လူ့အခွင့်ရေးဆု’ ချီးမြင့် ၂၀၁၈ ကချင်ပြည်နယ် တိုက်ပွဲများကြား ‘ပိတ်မိပြည်သူများ လွှတ်ပေးရေး’ တောင်းဆို ဆန္ဒပြပွဲ ဦးဆောင်မှုကြောင့် မတရား ဖမ်းဆီးထောင်ချခံနေရသော လူငယ်ခေါင်းဆောင် သုံးဦးကို ကချင်အဖွဲ့အစည်း

ပိတ်မိပြည်သူ လွှတ်ပေးရေး လှုပ်ရှားသူ ၃ဦး အား ကချင် ‘လူ့အခွင့်ရေးဆု’ ချီးမြင့် ၂၀၁၈ ကချင်ပြည်နယ် တိုက်ပွဲများကြား ‘ပိတ်မိပြည်သူများ လွှတ်ပေးရေး’ တောင်းဆို ဆန္ဒပြပွဲ ဦးဆောင်မှုကြောင့် မတရား ဖမ်းဆီးထောင်ချခံနေရသော လူငယ်ခေါင်းဆောင် သုံးဦးကို ကချင်အဖွဲ့အစည်း

 ပိတ်မိပြည်သူ လွှတ်ပေးရေး လှုပ်ရှားသူ ၃ဦး အား ကချင် ‘လူ့အခွင့်ရေးဆု’ ချီးမြင့်

၂၀၁၈ ကချင်ပြည်နယ် တိုက်ပွဲများကြား ‘ပိတ်မိပြည်သူများ လွှတ်ပေးရေး’ တောင်းဆို ဆန္ဒပြပွဲ ဦးဆောင်မှုကြောင့် မတရား ဖမ်းဆီးထောင်ချခံနေရသော လူငယ်ခေါင်းဆောင် သုံးဦးကို ကချင်အဖွဲ့အစည်းများမှ လူ့အခွင့်ရေးဆု ချီးမြင့်လိုက်သည်။

ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ WMR နှင့် World Kachin Congress တို့ ဦးဆောင် ချီးမြင့်သော Human Rights Award ဆုအား Lum Zawng၊ Zau Jat နှင့် Nang Pu တို့ကိုပေးရန် ဖေဖေါ်ဝါရီ ၉ ရက်နေ့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆုချီးမြင့်ရေးကော်မတီဝင် ဦး Steven ပြောသည်။

လူငယ်ခေါင်းဆောင် သုံးဦးအား ဆုပေး ဂုဏ်ပြုသော လူထုအခမ်းနားကို  ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ မြစ်ကြီးနား မနောကွင်း မဂျွယ်ခန်းမဆောင်တွင် ကျင်းမရန် စီစဉ်ထားပါသည်။

“မတရားမှုကို မုန်းတီးလို့ အားလုံးစုပေါင်းပြီး ဂုဏ်ပြုပွဲလုပ်တာပါ” ဟု တရားမျှတရေးအတွက် လူငယ် တက်ကြွလှုပ်ရှားသူ နှင့် ဆုချီးမြင့်ရေးကော်မတီဝင် မ Sut Seng Htoi က ကချင်သတင်းဌာန KNG ကို ဆိုပါသည်။

ဖားကန့်မြိုနယ် နှင့် တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြား ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သည့် ဆရာ Lum Zawng၊ ဆရာ Zau Jat၊ ဆရာမ Nang Pu တို့ မတရား ဖမ်းဆီးခံရမှုအတွက် မတရားမှုမှန်း သိသာထင်သာဖြစ်စေရန် ဂုဏ်ပြုရခြင်းဖြစ်သည်ဟု သူမ ဆက်ဆိုသည်။

၂၀၁၈ ဧပြီ ၃၀ မှ မေ ၈ ရက်ထိ ပြုလုပ်ခဲ့သော စစ်ရှောင်ပြည်သူများ လွတ်မြာက်ရေး မြစ်ကြီးနား လူငယ်ဆန္ဒပြပွဲတွင် ခေါင်းဆောင် သုံးဦးမှ တပ်မတော်ကို အသရေဖျက်သော စကားများ ပြောဆိုခဲ့သည်ဟု စွပ်စွဲကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦး တရားလိုပြုကာ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် အမှုဖွင့်ခြင်းဖြစ်သည်။

ဒီဇင်ဘာလ (၇)နေ့တွင် မြို့နယ်တရားရုံးမှ လူငယ်ခေါင်းဆောင် သုံးဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် ၆လ နှင့် ငွေဒဏ် ကျပ် ၅သိန်း စီ အပြီးသတ် ပြစ်ဒဏ်စီရင်ခဲ့သည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...