ဖားကန့် ကျောက်ဆောင်ကမ်းပါး ရုတ်တရက်ပြိုကျမှုကြောင့် လူ ၆ဦး သေဆုံး

ဖားကန့် ကျောက်ဆောင်ကမ်းပါး ရုတ်တရက်ပြိုကျမှုကြောင့် လူ ၆ဦး သေဆုံး

ဖားကန့် မြို့နယ် ဆိပ်မူ (ဆိုင်းတောင်)အုပ်စု စပေါ့ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၀ရက်နေ့ မွန်းလွဲပိုင်းက ကျောက်ဆောင်ကမ်းပါးကြီး ရုတ်တရက် ပြိုကျခဲ့ရာ တပိုင်တနိုင်ကျောက်စိမ်းတူးဖော်သူ ကျောက်တူးသမား ၆ဦး သေဆုံးပြီး မြေသယ်ယာဉ်ပျက်စီးသွားခဲ့သည်။

ဖေဖေါ်ဝါရီလ ၁၀ရက် မွန်းလွဲ ၁နာရီမိနစ် ၂၀ခန့် က ပေ ၁၅၀ကျော်အမြင့်မှ တန် ၂၀၀နီးပါးရှိ ကျောက်တောင်ကမ်းပြီး လမ်းပေါ်သို့ပြိုကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသူများသည် အသက် ၁၇နှစ် နှစ်ဦး၊ အသက် ၂၀ကျော် နှစ်ဦး၊ အသက် ၃၀ကျော် တစ်ဦး၊ အသက် ငါးဆယ်ကျော်တစ်ဦး စုစုပေါင်း ၆ဦးသေဆုံးပြီး TEREX အမျိုးအစား မြေသယ်ယာဉ်တစ်စီး ဆုံးရှုံးခဲ့သည်။

“ကားရှေ့ပိုင်းပေါ်ပြုတ်ကျတဲ့အတွက် ကားဆရာမျက်ခုံးကွဲဒဏ်ရာ နည်းနည်းရသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၄ ရက်တွင် သေနတ်မှန်၍ ရေမဆေးသမားတစ်ဦး၊ မြေစာသွန်ရေကန်ထဲ မြေစာလျှောကျမှုကြောင့် နှစ်ဦး သေဆုံးပြီး ယခုဆိပ်မူ (ဆိုင်းတောင်)အုပ်စုတွင် လူ ၆ဦး ထပ်မံသေဆုံးခြင်းဖြစ်သည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...