Nippon Foundation မှ ကချင်ဒုက္ခသည်များကို ကူညီရန် အဆင်သင့် ရှိနေ

Nippon Foundation မှ ကချင်ဒုက္ခသည်များကို ကူညီရန် အဆင်သင့် ရှိနေ

ဂျပန်အစိုးရ ၏ လူမှုအကူညီပေးအဖွဲ့ Nippon Foundation က ကချင်စစ်ပြေး ဒုက္ခသည် ၁ သိန်းကျော်ကို စားနပ်ရိက္ခာ အကူညီပေးရန် အဆင်သင့် စီစဉ်ထားပြီဖြစ်ကြောင်း တနင်္ဂနွေနေ့က ကချင်ခေါင်းများကို ပြောဆိုပါသည်။

ဖေဖေါ်ဝါရီ ၁၀ ရက် နံနက်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကချင်အမျိုးသားအစည်းအရုံး KNO ခေါင်းဆောင်နှင့် တွေ့ဆုံမှုတွင် ကချင်ဒုက္ခသည်များကို ကူညီပေးမည်ဖြစ်ကြောင်းကို Nippon Foundation မှ စီမံခန့်ခွဲရေး ဒါရိုက်တာ Mr. Yuji Mori က အသိပေး ပြောကြားခြင်းဖြစ်သည်။

“ဂျပန်အစိုးရက ကချင်စစ်ရှောင်တွေကို ယခင်စီစဉ်ထားတဲ့အတိုင်း ကူညီပေးရန်အတွက် လာပြောတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေမှာ စစ်ရှောင် ၈ သောင်း နဲ့ အစိုးရ ထိန်းချုပ်နယ်မြေမှာ စစ်ရှောင် ၄ သောင်းရှိတယ်လို့ ပြောပြတယ်။ သူတို့ အားလုံးကို အကူညီပေးဖို့ စီစဉ်ထားပြီ ဆိုပြီး လာပြောတယ်” ဟု KNO ခေါင်းဆောင် ဒူဝါဘောမ်ဝမ် လရော် က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

Nippon အကူညီကို ကချင်ပြည်နယ် အစိုးရ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှစ်ဖက် ထိန်းချုပ်နယ်မြေများရှိ စစ်ပြေးဒုက္ခသည်စခန်းများကို ကူညီပေးရန်စီစဉ်ထားသည်ဟု ဆိုပါသည်။

ယခုအပတ် ဖေဖေါ်ဝါရီလ ၁၃ တွင် Nippon ခေါင်းဆောင်များ မြစ်ကြီးနားမြို့သို့ သွားရောက်ကာ စစ်ပြေးဒုက္ခသည် အကူညီပေး အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် အချိန် ၄လ ထိုးစစ်ရပ်စဲကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့ ကြေညာချက် ထုတ်ပြန်ပြီးနောက် ယခု ပထမဆုံး Nippon Foundation မှ ကချင်စစ်ပြေးဒုက္ခသည်များကို အကူညီပေးရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...