တရုတ်ငှက်ပျောကား ကိစ္စ လွှတ်တော်သို့ တင်သွင်းသော အဆို ပြန်ရုတ်သိမ်း

တရုတ်ငှက်ပျောကား ကိစ္စ လွှတ်တော်သို့ တင်သွင်းသော အဆို ပြန်ရုတ်သိမ်း

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးလျက်ရှိသော တရုတ်တစ်သျှူးငှက်ပျောကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့မှာ တင်သွင်းလာခြင်းကို ဆွေးနွေးခြင်း မပြုလုပ်ဘဲ တင်သွင်းသူကိုယ်တိုင် ပြန်လည်ရုတ်သိမ်းလိုက်သည်။

ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ရွှေကူ စသော မြို့နယ်များတွင် တစ်သျှူးှငှက်ပျောများကို လွတ်လပ်စွာဖြင့် အဝင် အထွက်သွားလာနေသော တရုတ်တွဲကားကြီးများကို တရားဝင်ပိတ်သိမ်းပြီး နယ်စပ်ဂိတ်တွင်သာ ကုန်ပစ္စည်းအချိန်းအပြောင်း ပြုလုပ်ပေးရန် တင်သွင်း တောင်းဆိုမှု အဆိုကို ပြန်လည်ရုတ်သိမ်းလိုက်သည့် အပေါ် အစိုးရအဖွဲ့မှ ပြန်လည်စီစစ်မှုတွေ လုပ်ဆောင်ပေးမည်ဟု မေတ္တာရပ်ခံ ပြောဆိုလာသောကြောင့် ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ရွှေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက လွှတ်တော်တွင်ပြောဆိုခဲ့သည်။

ငှက်ပျောခြံ တရုတ်တွဲကားကြီးများ စည်းမဲ့ကမ်းမဲ့ ဖြတ်သန်းသွားလာနေသောကြောင့် ကချင်ပြည်နယ်၏ လမ်းတံတားပျက်စီးစေခြင်းသာမက သယံဇာတနှင့် မြေ၊ လူကိုပါ ယူလိုက်သည့် သဘောဖြစ်နေသောကြောင့် အဆို တင်သွင်းလာခြင်းဖြစ်သည်ဟု ဦးတင်ဦးယုက ပြောဆိုထားသည်။

“ဒီတစ်သျှူးငှက်ပျော တင်တဲ့ တရုတ်ကားတွေက တံခါးမရှိ ဓါးမရှိ အဝင် အထွက် လုပ်နေတယ်။ အဲလိုပုံမှန်လုပ်နေတော့ နိုင်ငံက ဆုံးရှုံးနစ်နာမှုတွေဖြစ်ရတယ်။ လမ်း တံတားမြေ အားလုံးပျက်စီးတယ်။ ပြီးရင် တစ်သျှူးငှက်ပျောက ဥပဒေနဲ့မညီဘဲ စိုက်ပျိုးနေကြတယ်။ ဒါတွေက သေချာကြည့် ကြပ်စေချင်တယ်။ ပြန်ရတဲ့ ပမာဏ နဲ့ ဆုံးရှုံးမှုကို ပိုသိစေချင်လို့ပါ။ ဒါကြောင့် တစ်ထစ်လျှော့ပေးလိုက်တဲ့ သဘောနဲ့ ရုတ်သိမ်းလိုက်တာပါ။”

အစိုးရအဖွဲ့က တစ်သျှူးငှက်ပျောကြောင့် ဖြစ်ပေါ်သော ပြဿနာများကို အမြန်ဖြေရှင်ပေးစေလိုသောကြောင့် ထပ်မံရရှိသည့် အချက်အလက်များကို နောက်ထပ် ပြန်လည်တင်သွင်းသွားမည်ဟု ဆက်လက်ပြောဆိုသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...