မိုင်းနား KBC စစ်ရှောင်စခန်းတွင် မြေယာဆိုင်ရာ ဥပဒေပညာပေး သင်တန်းပေး

မိုင်းနား KBC စစ်ရှောင်စခန်းတွင် မြေယာဆိုင်ရာ ဥပဒေပညာပေး သင်တန်းပေး

‘တရားဥပဒေစိုးမိုးရေးဆိုင် ရွေ့လျား’ ဆိုသည့် ခေါင်းစဉ်နှင့် မြေယာဆိုင်ရာ ဥပဒေ ပညာသင်တန်း တစ်ရပ်ကို ဝိုင်းမော်မြို့နယ်ရှိ Maina (မိုင်းနား) ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) စစ်ရှောင်စခန်းတွင် ဖေဖေါ်ဝါရီ ၂ရက်နေ့ ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းသည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် စစ်ရှောင်ပြည်သူများအား အိုးအိမ်မြေပစ္စည်း ဥစ္စာနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာကို အဓိက သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းပို့ချနေသူ တစ်ဦးဖြစ်သည့် ဆရာ Sharaw Mung Hkawng က ခုလိုဆိုသည်။

    "အဓိကတော့ စစ်ရှောင်တွေက နေရပ်ကိုစွန့်ခွာခဲ့တာ ၈နှစ်လောက်ရှိလာပြီဆိုတော့ မြေတွေ အိမ်တွေ ချန်ထားခဲ့ရတယ်။ သူတို့တွေတွက် နေရပ်ပြန်တဲ့ချိန်မှာ အိမ်ယာမြေနဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒီတော့ အိမ်ယာမြေနဲ့ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု အခွင့်အရေး ဒီအခွင့်အရေးဟာ ဘယ်သူ့ဆီမှာ ရှိတာလဲ ပြီးတော့ တရားမျှတမူနဲ့ ပတ်သက်ပြီး တော့ ပြဿနာတွေဖြစ်လာပြီဆို ကိုယ်လက်လှမ်းမှီသလောက် ဘယ်လိုမျိုးဖြေရှင်းရမလဲဆို သိရှိဖို့တွက် ပြုလုပ်ရခြင်းဖြစ်တယ်။"

    စစ်ရှောင်များသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ပြင်းထန်သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    လက်ရှိချိန်တွင်လည်း အစိုးရ၏ မြေလွှတ်မြေရိုင်းဥပဒေထွက်လာပြီးနောက် ယင်းဥပဒေသည် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ပြည်သူများတွက် စိုးရိမ်စရာ ဖြစ်လာသည့်အတွက် ယခုလို အိုးအိမ်မြေယာဆိုင်ရာနှင့် သင်တန်းသည် ၎င်းတို့တွက် အလွန်တစ်ရာမှ အကျိုးရှိလာနိုင်ကြောင်း စစ်ရှောင်တစ်ဦးဖြစ်သူ Ying Sau က ခုလိုပြောသည်။

    "ကျနော်တို့အနေနဲ့ ကိုယ့်နေရပ်ဒေသ စွန့်ခွာလာတာ ကြာပြီဆိုတော့ အရင်က တစ်ဦးနဲ့တစ်ဦးကြားမှာ သတ်မှတ်ထားတဲ့ နယ်နိမိတ်တွေက ပျောက်သွားနိုင်ပြီဆိုတော့ ကျနော်တို့ဆီမှာ အနည်းအများ ပြဿနာတွေ ဖြစ်လာနိုင်မှာဘဲ။ အဲလိုဖြစ်တဲ့ချိန်ကျရင် ကျနော်တို့ ဘယ်လိုဖြေရှင်းနိုင်လဲ ဒီ့အတွက် ဘယ်လိုပြင်ဆင်လို့ရလဲဆိုတာတွေ ကျနော်တို့ မသိသေးတဲ့ ဟာတွေ သိရတယ်" ဟု ၎င်းကပြောသည်။

    ယင်းသင်တန်းတွင် စစ်ရှောင်ပြည်သူ ၃၀ ဦး တက်ရောက်ပြီး သင်တန်းကို ၂ရက်သာ ကျင်းပခဲ့ကြောင်း သိရသည်။

    မိုင်းနား KBC စစ်ရှောင်စခန်းတွင် စစ်ရှောင် ၂၀၀၀ ခန့်ရှိပြီး လက်ရှိအစိုးရပြဌာန်းအတည်ပြုလိုက်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကြောင့် မိမိတို့ ကျေးရွာများ ဆုံးရှုံးရမည်ကို စိုးရိမ်နေကြပါသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...