မြစ်ဆုံ စီမံကန်း ထာဝရ ရပ်ဆိုင်းပြီး နေရပ်ပြန်လိုကြောင်း ဒေသခံများ တောင်းဆို

မြစ်ဆုံ စီမံကန်း ထာဝရ ရပ်ဆိုင်းပြီး နေရပ်ပြန်လိုကြောင်း ဒေသခံများ တောင်းဆို

ကချင်လို Mali-N'mai Zup ခေါ် မြစ်ဆုံရေကာတာ စီမံကိန်းနှင့်ပတ်သက်၍ တရုတ်သံရုံးထုတ်ပြန်ချက်အတိုင်း မဟုတ်ဘဲ အဆိုပါ စီမံကိန်းကို လုံးဝရပ်ဆိုင်းသွားရန် အစဉ်တစိုက်ကန့်ကွက်နေမည် ဟု ဒေသခံများ ဇန်နဝါရီ ၂၄ ရက်နေ့ ကန့်ကွက်စာ ထုတ်ပြန်လိုက်သည်။

ကချင်လို Mali-N'mai Zup ခေါ် မြစ်ဆုံရေကာတာ စီမံကိန်းနှင့်ပတ်သက်၍ တရုတ်သံရုံးထုတ်ပြန်ချက်အတိုင်း မဟုတ်ဘဲ အဆိုပါ စီမံကိန်းကို လုံးဝရပ်ဆိုင်းသွားရန် အစဉ်တစိုက်ကန့်ကွက်နေမည် ဟု ဒေသခံများ ဇန်နဝါရီ ၂၄ ရက်နေ့ ကန့်ကွက်စာ ထုတ်ပြန်လိုက်သည်။

ဒေသခံများ ကန့်ကွက်ရခြင်း အကြောင်းရင်းကို မြစ်ဆုံဒေသခံများ ပါဝင်ဖွဲ့စည်းသော ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ (Mungchying Rawtjat, MRJ) မှ ဒေါ် Lu Ra က ကချင်သတင်းဌာန KNG ကို ယခုလို ပြောဆိုပါသည်။

“ကျမတို့က တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ ဒီ မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။ ဒါကို တရုတ်အသံအမတ်က ကန့်ကွက်မှုမရှိဘူးလို့ပြောဆိုသွားတယ်။ မြစ်ဆုံ ကန့်ကွက်တယ်ဆိုတာ အားလုံးလည်းသိတယ်။ ပြီးရင် အစိုးရကိုယ်တိုင်လည်းသိတယ်။ အစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုလာတာမရှိဘူး။”

ထို့အပြင် ဒေသခံများ မြစ်ဆုံစီမံကိန်းကြောင့် မိမိတို့နေရပ်စွန့်ခွာခဲ့ရသည့်အတွက် စီမံကိန်းအား အပြီးအပိုင်ဖျက်သိမ်းပြီးသည့်တိုင် အဓမ္မ နေရာ ရွှေ့ပြောင်းခံခဲ့ရသော ဒေသခံများအား လိုအပ်သော အကူအညီများကို နစ်နာကြေးအဖြစ် တရုတ်ကုမ္ပဏီ State Power Investment Corporation က ထောက်ပံ့ပေးရမည်ဟု ထပ်မံ ပြောဆိုထားပါသည်။

ဒေသခံပြည်သူများအတွက် အကျိုးမရှိသော မြစ်ဆုံရေကာတာစီမံကိန်းကို ထာဝရရပ်ဆိုင်းစေပြီး၊ နေရပ်ရွှေ့ပြောင်းခံရသော ဒေသခံများ မူလနေရင်းသို့လွတ်လပ်စွာ ပြန်လည်နေထိုင်ရန်လိုလားသည်ဟု မြစ်ဆုံဒေသ မလိယန်ကျေးရွာမှ Slg. Mung Ra က ထပ်မံ ပြောပါသည်။

တရုတ်သံအမတ် Mr. Hong Liang ၏ ဒီဇင်ဘာ နောက်ဆုံးအပတ် မြစ်ကြီးနား ခရီးစဉ်တွင် ဒေသခံများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ပြီးနောက် နှစ်ဆန်း ဇန်နဝါရီလ ၁၃ရက်နေ့ သဘောထား ထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့သည်။

ထိုအထဲတွင် “ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်းကို ဆန့်ကျင်ကန့််ကွက်မှုမရှိကြောင်းနှင့် စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်သည်မှာ ပြင်ပမှ လူနှင့် အဖွဲ့အစည်း ဖြစ်သည်” ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်ပေါ် NLD အစိုးရဘက်မှ တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိပ်နေမှုပေါ် ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဌ Slg. Gumgrawng Awng Hkam ယခုလိုပြောဆိုပါသည်။

“အရင်အစိုးရကတော့ စီမံကိန်းကို ယာယီရပ်ထားတယ်။ အခုအစိုးရကကော ယာယီလား၊ ထာဝရလား၊ အခုလောက်ဆို ရှင်းရှင်းလင်းလင်း လုပ်သင့်ပြီ။ NLD မဲဆွယ်စဉ်ကာလက ကတိပေးခဲ့တဲ့အတိုင်း အခုထိ မြစ်ဆုံစီမံကိန်းပါ စာချုပ်စာတမ်းတွေ ပြည်သူတွေ မချပြသေးဘူး။ ဒါမှမဟုတ် အစိုးရ ကိုယ်တိုင် ဒီစီမံကိန်းကို လုပ်ချင်နေလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇန်နဝါရီလ ၂၂ရက်နေ့ စစ်ကိုင်းတိုင်း ကလေးမြို့ခရီးစဉ် လူထုတွေ့ဆုံပွဲတစ်ခုတွင် ‘အရင်အစိုးရဟောင်းလက်ထပ်တွင် လုပ်ဆောင် သွားသော စီမံကိန်းတွေကို မူဝါဒနဲ့မကိုက်ညီမှုဖြင့် ယခုအစိုးရဖျက်သိမ်းလိုက်ပါက ယုံကြည်လို့မရတဲ့ နိုင်ငံဖြစ်သွားနိုင်သည်’ ဟု ပြောဆိုထားသည့် ဗီဒီယိုဖိုင် လူမှုကွန်ယှက်စားမျက်နှာတွင် ပျံ့နှံ့နေပါသည်။

ထိုသို့ပြောဆိုမှုအပေါ် လက်ရှိ NLD အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်လာနိုင်သည့် သဘောရှိနေသည်ဟု မြစ်ကြီးနားမြို့ Kachin Development Networking Group (KDNG) တာဝန်ရှိသူ Slg. N’wawt Naw Aung သုံးသပ်ပြောဆိုပါသည်။

“အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ယခုလိုပြောဆိုတာက ပြည်သူလူထုဘက် ရပ်တည်မှုမရှိဘူးဆိုတာထက် တစ်ခုခုကို ပြတ်ပြတ်သားသား လုပ်ဆောင်မှုမရှိတာ အရမ်းသိသာတယ်။ ပြောဆိုပုံအရ တရုတ်ရဲ့ရင်းနှီးမြှပ်နှံမှုတွေ ကို ပြည်သူလူထုတွေ ဘယ်လောက်ဘဲ ကန့်ကွက်ပါစေ ရပ်တန့်ဖို့ အစီအစဉ်မရှိဘူးလို့ သဘောသက်ရောက်တယ်။ ဒီ မြစ်ဆုံကိစ္စက ဘယ်အစိုးရဘဲ တက်တက် လုံးဝ လုပ်ဆောင်လို့မရတဲ့ အရာတစ်ခုဖြစ်တယ်။”

တစ်ဖက်တွင်လည်း စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်ကြိုးစားနေသော တရုတ်ကုမ္ပဏီ SPIC က ဒေသခံများကို တစ်ရွာဝင် တစ်ရွာထွက် စည်းရုံးရေး ပြုလုပ်နေသလို လူတစ်ဦးလျှင် ဆန် ၇ပြည်နှုန်းဖြင့် တစ်နှစ် ၃ကြိမ် ပုံမှန်ထောက်ပံ့ပေးနေပါသည်။

သို့သော်လည်း စီမံကိန်းကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သူများ နှင့် ဦးဆောင်သူများကိုမူ ကူညီထောက်ပံ့မှု ရပ်ဆိုင်းထားပါသည်။

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...