ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေး ကန့်ကွက်မှုကြောင့် ရုပ်သိမ်းရ

ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေး ကန့်ကွက်မှုကြောင့် ရုပ်သိမ်းရ

ယနေ့ ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို သီးခြားခွဲထုတ်မည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့သဖြင့် အစည်းအဝေးမပြီးဆုံးဘဲ ရုပ်သိမ်းလိုက်ရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ယခုလက်ရှိ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဟု သီးခြား ခွဲထုတ်ရန် ကချင်ပြည်နယ်အစိုးဘက်မှ အတည်ပြုတင်သွင်းလာမှုသည် ဖွဲ့စည်းပုံ ဥပဒေနှင့် ညီညွတ်မှုမရှိဟု လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့ကြပါသည်။

“ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကနေ အတည်ပြုတင်သွင်းလာတာဟာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဆိုရင် လုံးဝ မှားယွင်းနေပါတယ်။ ဒါကြောင့် ဝန်ကြီးဌာန ခွဲခြင်း၊ မခွဲခြင်းကို မပြောလိုပါဘူး။ ဖွဲ့စည်းပုံအရ ဝန်ကြီးဌာန ပြင်ဆင်ခြင်း၊ ဖွဲ့စည်းခြင်းကို ဝန်ကြီးချုပ်ကို ကိုယ်တိုင်လုပ်ပိုင်ခွင့် ပေးမထားပါ” ဟု တနိုင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ကန့်ကွက်ပြောသည်။

ယနေ့ လွှတ်တော်သို့ တင်သွင်းလာသည့် ဝန်ကြီးဌာနပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အမိန့်စာမှာ နိုင်ငံတော်သမ္မတ၏ မိန့်စာမဟုတ်ဘဲ ပြည်နယ်ဝန်ကြီးချုပ်၏ စာဖြင့်သာ ဖြစ်နေသည့်အတွက် ဟု သိရပါသည်။

ထို့ကြောင့် ယနေ့အစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အတွင်း လစ်လပ်နေသော ဝန်ကြီးဌာန ၃ နေရာအတွက် အစားထိုးမည့် အမည်စာရင်းများကို တင်သွင်းနိုင်ခြင်း မရှိဘဲ လွှတ်တော်အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်အစည်းအဝေး ကို ရက်ပိုင်းအတွင်း ပြန်လည်ခေါ်ဆိုမည်ဟု သိရပါသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...