Awng Lawt စစ်ရှောင် စခန်းသစ်တွင် တဲအိမ်များ မလုံလောက်

Awng Lawt စစ်ရှောင် စခန်းသစ်တွင် တဲအိမ်များ မလုံလောက်

ဇန်နဝါရီလ ၁၉ရက်နေ့တွင် စစ်ရှောင်စခန်းအသစ်သို့ရွှေ့ပြောင်းခဲ့သော Jaw Masat (ဂျော်မဆန့်) စစ်ရှောင်များမှာ လက်ရှိ စစ်ရှောင်စခန်းအသစ်တွင် နေစရာ အဆောင်မလုံလောက်သောကြောင့် နေထိုင်သည့် ပြဿနာ အခက်အခဲ ကြုံတွေ့ နေရကြောင်းသိရသည်။

အဆိုပါ စစ်ရှောင်စခန်းအသစ်မှာ နေစရာအဆောင် ၂၀ခန့်ရှိသော်လည်း စစ်ရှောင်အိမ်ခြေ ၁၄၀ကျော်၊ လူဦးရေ ၆၀၀ကျော်ခန့်ရှိနေသည့်အတွက် စစ်ရှောင်များ နေစရာအဆောင်လုံလောက်ရန် အဆောင် ၃ဆောင်ခန့် လိုအပ် နေသေးကြောင်းကို စစ်ရှောင်တာဝန်ခံ တစ်ဦးဖြစ်သည့် Sarama Seng Ja က ကချင်သတင်းဌာန KNG ကို ပြောဆိုထားပါသည်။

“ကျမတို့ အခုဒီစခန်းအသစ်မှာက မိသားစုများတဲ့သူတွေ အတွက် ကအဆောင် ပြဿနာ အခက်အခဲရှိနေတာပေါ့။ ဆောက်ထားတဲ့အခန်းနဲ့လူဦးရေက မမျှဘူးဖြစ်နေတယ်။ အဆောင် မလုံလောက်သေးဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲဖြစ်တုန်းက အားလုံး အတူတူထွက်ပြေး လာတာမဟုတ်တော့ ကူညီရေးအဖွဲ့တွေမှာရှိတဲ့ စစ်ရှောင်လူဦးရေစာရင်းက ကွာဟနေတယ်။ မိသားစုများတဲ့သူတွေဆို တစ်ခန်းထဲမှာဘဲ စုပုံပြီး အဆင်ပြေသလိုနေကြတယ်။ သူတို့အတွက် အဆောင် ၃ဆောင်လောက် ဆောက်ပေးရန်လိုအပ်နေသေးတယ်။”

ထိုအပြင် အဆိုပါ စစ်ရှောင်စခန်းအသစ်မှာ မီးရရှိနိုင်ရန်ခက်ခဲနေသည့်အပြင် ရေဘုံဘိုင်၊ ရေချိုးကန်၊ အိမ်သာများလည်း လိုအပ်နေသေးကြောင်းကိုဆက်လက်ပြောဆိုသည်။

ယင်းစစ်ရှောင်ပြည်သူများက မြစ်ကြီးနားမြို့၊ Jaw Masat (ဂျော်မဆန့်) ဘုရားကျောင်းဝင်းတွင် ၉လကျော်ခန့် နေထိုင်ပြီး လူဦးရေများပြားသလို မိသားစုအလိုက် ဘုရားကျောင်းဝင်းအတွင်း ဆက်လက် နေထိုင်ရန် အဆင်မပြေသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီလ ၁၉ရက်နေ့တွင် Jaw Masat (ဂျော်မဆန့်)ရပ်ကွက် (၆)၊ မော်တောင်းကျေးရွာ စစ်ရှောင်စခန်းအသစ်သို့ရွှေ့ပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

၎င်း စစ်ရှောင်ပြည်သူများမှာ တနိုင်း Awng Lawt (အောင်လာဒ်)ကျေးရွာ စစ်ရှောင်များဖြစ်ပြီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် ၂၀၁၈ ဧပြီလတွင် မြစ်ကြီးနား Jaw Masat (ဂျော်မဆန့်) ဘုရားကျောင်းဝင်းတွင် ရောက်ရှိလာခြင်းဖြစ်သည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...