ကူမင်းတွေ့ဆုံပွဲရလဒ်မှ တပ်မတော်နှင့် KIO တို့ bilateral အပစ်ရပ် နိုင်မလား

ကူမင်းတွေ့ဆုံပွဲရလဒ်မှ တပ်မတော်နှင့် KIO တို့ bilateral အပစ်ရပ် နိုင်မလား

မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ငြိမ်းချမ်းရေးဆိုင်ရာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုကို တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီလ ၂၁ရက်နေ့ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အဓိကအားဖြင့် နှစ်ဖက် နိုင်ငံရေး၊ စစ်ရေးများ ရှေ့ဆက်ဘယ်လိုဆောင်ရွက် ဆွေးနွေးသွားမည့် အကြောင်းအရာ ကိစ္စများနှင့်ပတ်သက်ပြီး အဖြရှာ တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်ဟု KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး Nhpang Naw Bu (နော်ဘူ) က ကချင်သတင်းဌာ KNG ကို ပြောပါသည်။

အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး သွားရောက်ဆွေးနွေးတဲ့ KIO ဗဟိုကော်မတီ ကိုယ်စားလှယ်များ ပြန်လည် ရောက်လာခြင်းမရှိသေးသောကြောင့် အသေးစိတ်ကိုမသိရှိရသေးကြောင်း ဗိုလ်မှူးကြီး Naw Bu ကဆက်ပြောသည်။

ယခု ဆွေးနွေးပွဲသည် အလွတ်သဘောဆိုသော်လည်း အရေးပါမည်ဖြစ်ကြောင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမူးအဖွဲ့ဝင် Dr. Manam Tu Ja က ယခုလိုပြောပါသည်။

“ဒီဆွေးနွေးပွဲဟာ အလွတ်သဘောဆိုပေမဲ့ အရးကြီးပါတယ် ဘာဖြစ်လို့လဲဆို အစိုးရဘက်မှလည်း NRPC ဆိုပေမဲ့ တပ်မတော်ဘက်မှဖွဲ့စည်းထားသော ထာဝရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးရေး ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ကိုယ်တိုင်ပါတယ် ဆိုတော့ အစိုးရ၊ တပ်မတော်နဲ့ သီးသန့်ဆွေးနွေးမှုမရှိဘူး ဆိုပေမဲ့ ဒီဆွေးနွေးပွဲ မှာ တပ်မတော်ကိုယ်စားလှယ် တွေများနေတယ် တကယ်အရေးကြီးတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်။”

၎င်း တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် တပ်မတော်မှ ထာဝရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးရေး ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် KIO ဘက်မှ ဗိုလ်ချုပ် Sumlut Gun Maw နှင့် KIO အထွေထွေအတွင်းရေးမှူး ဦး La Nan တို့က ဦးဆောင်ပြီးတက်ရောက်ခဲ့ကြောင်းသိရသည်။

ယခု ဆွေးနွေးပွဲ မတိုင်မီ အစိုးရနှင့် တပ်မတော် နှစ်ဖက်လုံးက KIO ပေါ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးရန် ဖိအားပေးနေချိန် KIO ကတော့ တပ်မတော်နှင့် သီးသန့် NCA မဟုတ်ဘဲ bilateral အပစ်ရပ် လက်မှတ်ထိုးနိုင်ရန် တင်ပြ ညှိနှိုင်းမှုများကို ၂၀၁၈ အစောပိုင်းမှ ယခုချိန်ထိ ကြိုးပမ်းနေခြင်းဖြစ်သည်။

ယခုနှစ် ပထမအကြိမ် ကူမင်းမြို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှ ရရှိသော အချက်များမှ တရားဝင် တွေ့ဆုံဆွေးနွေးပွဲအဖြစ် ဖေဖေါ်ဝါရီလတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်းသိရသည်။

ယခုဆွေးနွေးပွဲသည် တပ်မတော်ဘက်မှ (၄)လ ထာဝရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ဒီဇင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ပြီးနောက် KIO နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...