Published
Wednesday, January 02, 2019
ကရင်ဘာသာ အစီအစဉ် (ဇန်နဝါရီလ ၀၂၊ ၂၀၁၉)
ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် တောင်ကလေးနှစ်သစ်ကူးကွင်းမှာ မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ဇန်နဝါရီလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဝင်းရော်ဒေသက ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးအကြို မိသားစုအလိုက် တစ်နှစ်တခါ စုပေါင်းဝိုင်းဖွဲ့စားသောက်ကြ တဲ့ဓလေ့မှာ သူတို့တွေရဲ့ ရိုးရာတာလပေါ့ဟင်းထဲက လယ်ခရုကို ပိန်းဥနဲ့ ချက်ပြုတ်နည်းလေးရှိပါတယ်။
ပည်ထောင်စုလွတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေအပေါ် ကရင်ဒေသခံ ပြည်သူတွေ၊ ကရင်ဒေသခံတာဝန်ရှိသူတွေ၊ မြေယာအရေး လှုပ်ရှားနေသူတချို့ရဲ့ အမြင်သဘောထား တွေက ဘယ်လိုရှိပါသလဲ။






