မြို့ပတ်ရထား လမ်းပိုင်းပိတ်ပြီး အဆင့်မြှင့်တင်ချိန်တွင် ခရီးသည်များအား YBS ဘတ်စ်ကားများ စီစဉ်ပေးမည်

မြို့ပတ်ရထား လမ်းပိုင်းပိတ်ပြီး အဆင့်မြှင့်တင်ချိန်တွင် ခရီးသည်များအား YBS ဘတ်စ်ကားများ စီစဉ်ပေးမည်

လာမည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်- ကြည့်မြင်တိုင် ရထားလမ်းပိုင်း နှင့် တညင်းကုန်း- ပုရွတ်ဆိတ် ကုန်း ရထားလမ်းပိုင်းများကို စတင်အဆင့်မြှင့်တင်သွားမည်ဖြစ်သောကြောင့် ရထားလမ်းများကို ခေတ္တပိတ် ထားပြီး YBS ဘတ်စ်ကားများဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။

 “ ဒီကြားထဲမှာ ပိတ်ထားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က မြန်မာ့မီးရထားအနေနဲ့ YRTA နဲ့ ညှိနှိုင်းပြီး တော့မှ သူတို့ရဲ့ YBS တွေနဲ့ လိုက်မယ့်ခရီးသည်တွေ သွားလာမှုအဆင်ပြေအောင်ပေါ့နော်။ အဲ့ဒီလို ညှိနှိုင်း ဆောင်ရွက်ထားပါတယ်”ဟု မြန်မာ့မီးရထားမှ (သွားလာရေး/ တိုင်း) မန်နေဂျာ ဦးဇော်လွင်ကပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုပြုလုပ်ရာတွင် ဘူတာ ၁ဝ ဘူတာအထိရှိပြီး အကွာအဝေး ၅ ဒသမ ၅ မိုင်ရှိသည့် အင်းစိန်- ကြည့်မြင်တိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုမှာ ၄ လထိကြာမြင့်မည်ဖြစ်ကာ ဘူူတာ ၅ ဘူတာရှိပြီး အကွာအဝေး ၇ ဒသမ ၂၅ မိုင်ရှိသည့် တညင်းကုန်း- ပုရွတ်ဆိတ်ကုန်း ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုမှာ ၆ လထိကြာမြင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ပြောသည်။

ထိုသို့ အဆင့်မြှင့်တင်မှုဆောင်ရွက်ရာတွင် ကျိုက်ကလဲ့- ပုရွက်ဆိတ်ကုန်း ရထားလမ်းပိုင်းအား ၆ လအထိ လုံးဝပိတ်သွားမည်ဖြစ်ပြီး ခရီးသည်များအဆင်ပြေစေရန် ရထားများအား မြို့နယ်များကို ချိတ်ဆက်ထားသည့် ရထားလမ်းပိုင်းအလိုက် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

“ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ လမ်းနှစ်လမ်းလုံးပိတ်လိုက်တာဖြစ်တဲ့အတွက် မြို့ပတ်မယ့်ရထား ကတော့ မရှိတော့ဘူး” ဟု မြန်မာ့မီးရထားမှ (သွားလာရေး/ တိုင်း) မန်နေဂျာ ဦးဇော်လွင်ကပြောသည်။

လမ်းပိုင်းလုံးဝပိတ်ထားမည့်  မင်္ဂလာဒုံစျေးနှင့် မင်္ဂလာဒုံဘူတာခရီးသည်များအတွက် ရန်ကုန်- ပြည်လမ်းကြီးနှင့် ခရေပင်လမ်းကို ဖြတ်သန်းပြေးဆွဲသော YBS ဘတ်စ်ကားများဖြင့် သွားနိုင်ပြီး ဝေဘာဂီဘူတာ ခရီးသည်များ အတွက် YBS မီနီဘတ်စ် ၁၈ ဖြင့် ဝေဘာဂီဘူတာမှ မြောက်ဥက္ကလာပမြို့နယ်၊ ဓမ္မသုခလမ်းမှ ရွှေဗဟိုဆေး ရုံရှေ့(ဂိတ်ဖျား)ထိ အသွားခရီးအနေဖြင့် သွားနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

အပြန်ခရီးအနေဖြင့် ကျိုက္ကဆံလမ်း- အရှေ့မြင်းပြိုင်ကွင်းလမ်း- လေးထောင့်ကန်လမ်းမှ လာလမ်းအတိုင်း ဝေဘာဂီဘူတာသို့ သွားနိုင်သည်။ထို့ပြင် ဥက္ကလာပဘူတာ ခရီးသည်များအတွက် YBS ၆၄ ဖြင့် ဥက္ကလာပ ဘူတာအနီးရှိ ဝေဘာဂီလမ်းဆုံတွင် ဂိတ်ရင်းအဖြစ် ပြေးဆွဲပေးလျက်ရှိသဖြင့် ၎င်း ယာဉ်ဖြင့်သွားနိုင်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ပုရွက်ဆိတ်ကုန်းဘူတာခရီးသည်မျးအတွက် YBS မီနီဘတ်စ် ၉၂ ဖြင့် ထောက်ကြန့်မြို့ရှောင်လမ်း(ဂိတ်ရင်း)မှ ဇဝန(ဂိတ်ဖျား)အထိ အသွားအပြန် သွားနိုင်ရန် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ဖြင့် ညှိနှိုင်းစီစဉ်ထားကြောင်း သိရသည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...