ငြိမ်းစုစီ ပုဒ်မ ဖြင့် တရားစွဲခံရသော ဆန္ဒပြ ကချင်လူငယ် ၃ ဦး ဒဏ်ငွေဖြင့် လွတ်

ငြိမ်းစုစီ ပုဒ်မ ဖြင့် တရားစွဲခံရသော ဆန္ဒပြ ကချင်လူငယ် ၃ ဦး ဒဏ်ငွေဖြင့် လွတ်

မြစ်ကြီးနားမြို့နယ်တရားရုံး၏ တရားစီရင်မှုကို ကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သော လူငယ် ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူထားမှု ယနေ့ ဒဏ်ငွေဖြင့် အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။

Shayi Sut Seng Htoi (မ ဆွတ်ဆိုင်းထွယ်)အား ဒဏ်ငွေကျပ် ၁ သိန်း၊ Tara kasa Seng Hkum Awng (ရှေ့နေဆိုင်းခွမ်အောင်) နှင့် Sara Brang Mai (ဆရာဘရန်မိုင်) အား ဒဏ်ငွေကျပ် ၃ သောင်း စီဖြင့် မြို့နယ် တရားရုံးမှ စီရင်ခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ ဘာပဲ လုပ်လုပ် ဥပဒေ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ ဒီဥပဒေတွေ ရှိတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာ ကျမတို့ နိုင်ငံသားတွေ ရရှိသင့်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် တော့ ရရှိသင့်တာပေါ့။ အကန့်အသတ်ရှိတဲ့ အခွင့်အရေးမဟုတ်ဘဲ လွတ်လွတ်လပ်လပ် ဖြစ်သင့်ပါတယ်” ဟု ငွေဒဏ် ချမှတ် ခံရသော Shy. Sut Seng Htoi ပြောပါသည်။

ဒီဇင်ဘာ ၇ ရက်နေ့တွင် ဆန္ဒပြခေါင်းဆောင်ဖြစ်ကြသော Shd. Hkangkum Lum Zawng (လွမ်းဇောင်း)၊ Slg. Hkawn Zau Jat (ဦးဇော်ဂျတ်) နှင့် Jan. Nbau Nang Pu (ဒေါ်နန်ပူ) တို့ ၃ ဦးအား မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆ လ နှင့် ဒဏ်ငွေ ၅ သိန်း စီ ချမှတ်မှုအပေါ် မကျေနပ်သဖြင့် လူထု ၅၀ ခန့်မှ ခွင့်ပြုချက် မတောင်းဘဲ တရားရုံးရှေ့ ဆန္ဒပြခဲ့ပြီး၊ မနောကွင်းအထိလည်း လမ်းလျှောက်ဆန္ဒပြလာခဲ့သောကြောင့် မြို့နယ် ရဲမှုး မြင့်မိုးမှ ထိုနေ့တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

ထိုကြောင့် ပထမဆုံး ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့ စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တရားလို သက်သေများကို ထပ်မံ စစ်ဆေးခဲ့ပါသည်။

ထို့နောက် ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ငွေဒဏ်ဖြင့် အပြီးသတ် အမိန့်ချမှတ်ခဲ့ပါသည်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...