ပြည်သူ့အကျိုးဆောင် လူငယ်ခေါင်းဆောင် ၃ဦးကို ပြစ်ဒဏ် မချသင့်

ပြည်သူ့အကျိုးဆောင် လူငယ်ခေါင်းဆောင် ၃ဦးကို ပြစ်ဒဏ် မချသင့်

တိုက်ပွဲနယ်မြေအတွင်း ပိတ်မိနေသည့် စစ်ရှောင်ပြည်သူများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သော ကချင်လူငယ်ခေါင်းဆောင် ၃ဦးကို မြန်မာအစိုးရ တရားရုံးက ပြင်းထန်စွာ ပြစ်ဒဏ်ချခြင်းသည် ငြိမ်းချမ်းရေး အတွက် အတားဆီးဖြစ်နေကြောင်း ယနေ့ Dr. Manam Tu Ja ပြောဆိုလိုက်သည်။

ဒီဇင်ဘာ ၇၊ သောကြာနေ့ မြစ်ကြီးနား မြို့နယ်တရားရုံးက Hkangkum Lum Zawng၊ Hkawn Zau Jat နှင့် Nbau Nang Pu ကို တပ်မတော်ကို အသရေဖျက်မှု ဖြစ်စေသည်ဟုဆိုကာ ဥပဒေ ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် ၆လနှင့် ငွေဒဏ် ၅သိန်း စီ ချမှတ်ခြင်းဖြစ်သည်။

ပြည်သူများ၏အကျိုးဆောင်ရွက်နေသော လူငယ်များကို ယခုလို ပြင်းထန်စွာ အပြစ်ဒဏ် ချမှတ်ခြင်းမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတွင်သာမက ငြိမ်းချမ်းရေးတည်ဆောက်ရာ လမ်းကြောင်းမှာလည်း ပိတ်ပြင်တားဆီးနေကြောင်း ကချင်ဒီမိုကရေစီပါတီ KSDP ဥက္ကဌ Dr. Tu Ja က ကချင်သတင်းဌာ KNG ကို ယခုလို ဆိုသည်။

“အခုကျနော်တို့ အားကိုးရသော လူငယ်ခေါင်းဆောင် ၃ဦးကို ယခုလို လုပ်လိုက်တာ လုံးဝမသင့်တော်ဘူးလို့မြင်ပါတယ်။ အများပြည်သူရဲ့အကျိုးလုပ်ဆောင်နေတာကို အပြစ်ဒဏ်ချမှတ်လိုက်တာ က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အားလုံးမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာလည်း အရမ်းထိခိုက်တယ်။ နောက်ပြီး ဒီမိုကရေစီ လမ်းကြောင်းလည်း ဘယ်လိုထွန်းကားလာမလဲ။ နောက်နောင်မှာ အဲ့လိုမလုပ်ရင်ဖို့ ပြောချင်ပါတယ်။ အခုလိုလုပ်လိုက်တော့ ဦးဆောင်းမယ့်လူငယ်တွေလည်းပျောက်လာမယ်။ လူငယ်တွေက အနာဂတ်ကို ဦးဆောင်ရမယ်ဖြစ်ပါတယ်။”

နိုင်ငံတကာ အဖွဲ့စည်းများ ဖြစ်သည့် Human Rights Watch၊ Amnesty International၊ European Union Myanmar နှင့် ပြည်တွင်းပြည်ပ မြန်မာနှင့်ကချင် အဖွဲ့အစည်းများဖြစ်ကြသည့် Liberty and Leadership Forum (LLF) Alumni Network၊ World Kachin Congress၊ All Kachin Youth Union (AKYU)၊ Rvwang New Generations တို့က လူငယ်ခေါင်းဆောင် ၃ ဦး ပြစ်ဒဏ်ချမှတ်ခြင်းပေါ် ကန့်ကွက်ကြောင်း ကြညာချက်များ ထုတ်ပြန်ကြပါသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...