Shingbwi Yang မြို့ မီးရရှိရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ သို့ တင်ပြ တောင်းဆိုထား

Shingbwi Yang မြို့ မီးရရှိရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ သို့ တင်ပြ တောင်းဆိုထား

တနိုင်းမြို့နယ် Shingbwi Yang မြို့ အတွင်း မီးဖြန့်ဝေပေးလျက်ရှိသော တဝါးခရေအားလျှပ်စစ်စက်ရုံအား နိုဝင်ဘာလ ၃၀ရက်နေ့တွင် ရပ်ဆိုင်းလိုက်သောကြောင့် ဒေသခံများက ကချင်ပြည်နယ်အစိုးရထံသို့ ဆက်လက်မီးရရှိနိုင်ရန် စာတင်ပြတောင်းဆို ထားကြောင်းသိရသည်။

ဒေသခံပြည်သူများမှ မီးပေးသောကုမ္ပဏီအား တစ်ယူနစ်လျင် အစိုးရဈေးနှုန်း (၃၅)ကျပ်ဖြင့် တောင်းဆိုရာ ကုမ္ပဏီဘက်မှ အိမ်သုံး (၁)ယူနစ်ကို ၂၅၀ကျပ်၊ လုပ်ငန်းသုံး (၁)ယူနစ် ၃၀၀ကျပ်ဖြင့် သတ်မှတ်ခဲ့ပြီး နှစ်ဖက်ညှိနှိုင်းမှုအဆင်မပြေခဲ့သည့်အတွက် ရပ်ဆိုင်းလိုက်ကြောင်း ဒေသခံများ ထံမှသိရသည်။

တဝါးခရေအားလျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ပေးအပ်ထား သော်လည်း ၃လကျော်ခန့်သာ မီးဖြန့်ဖြူးရေးလုပ်ငန်းကို လုပ်ဆောင်နိုင်ခဲ့သည့်အပေါ် Shingbwi Yang (ရှင်ဗွေယန်) အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းကျော် က ပြောဆိုသည်။

“အဓိကအခုလိုဖြစ်တာက မီတာခနှုန်းကြောင့်ပေါ့။ စက်ရုံနားလိုက်တယ်။ အခုဒီဇယ်စက်နဲ့ပြန်အစားထိုး နေရတာပေါ့။ ကျနော်တို့မီးရတာ တောင်မကြာသေးဘူး။ အခုလိုဖြစ်သွားတာ စိတ်မကြောင်းဘူး။ ကုမ္ပဏီကသတ်မှတ်လိုက်တဲ့ (၁)ယူနစ်စာက ဒေသခံပြည်သူများအတွက် အလွန်များပြားပါတယ်။ ပြီးရင် ဒီဒေသက သိတဲ့သူတွေသိတယ်။ အလုပ်အကိုင်ဆိုလည်း အရမ်းရှားပါးတယ်။ တကယ်လို့ မီးမရပါက ကျနော်တို့ တိုင်းရင်းသားတွေ အခက်အခဲအမျိုးမျိုးကြုံနေရမှာ” ဟု ပြောဆိုသည်။

Shingbwi Yang (ရှင်ဗွေယန်) မြို့နယ်အတွင်း နေထိုင်သောဒေသခံပြည်သူများမှာ အများစုက နာဂတိုင်းရင်းသားများဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့်ဒေသဖြစ်သည့်အတွက် သက်ဆိုင်ရာအစိုးရမှအမြန်ဆုံး တာဝန်ယူဖြေရှင်းပေးရန် တင်ပြခြင်းဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

တဝါးခချောင်းရေအားလျှပ်စစ် ကီလိုဝပ် ၂၀၀ထုတ်လုပ်နိုင်ရန် ၂၀၁၄ခုနှစ် ကစတင်တည်ဆောက် ခဲ့သော်လည်း ယခုအချိန်အထိ လျှပ်စစ်မီးမရရှိသည့် အတွက် ပြည်နယ်အစိုးရမှ အမြန်ဆုံးဆောင်ရွက် သင့်ကြောင်း တနိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောဆိုသည်။

June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...
June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...