ကချင်ပြည်နယ်တွင် ပထမဆုံး UNA ပြုလုပ်သော ဖယ်ဒရယ် ဆွေးနွေးပွဲ ပြီးဆုံး

ကချင်ပြည်နယ်တွင် ပထမဆုံး UNA ပြုလုပ်သော ဖယ်ဒရယ် ဆွေးနွေးပွဲ ပြီးဆုံး

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA ၏ ပထမဆုံး ကချင်ပြည်နယ်တွင် ပြုလုပ်သော နှစ်ရက်ကြာ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို မြစ်ကြီးနားမြို့ မနောကွင်း Majoi ခန်းမတွင် နိုဝင်ဘာ (၂၈) ရက်နေ့ အဆုံးသတ် ပြုလုပ်ခဲ့သည်။

အဓိကအားဖြင့် United Nationalities Alliance က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အမြင်ဖလှယ်ခြင်းနှင့် ဒေသအခြေစိုက်အဖွဲ့အစည်းများထံမှ အကြံပြုချက်များကို ရယူခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး UNA က ဖက်ဒရယ်မဟာမိတ်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ပထမအကြိမ် ကချင်ပြည်နယ်သို့ လာရောက်သော နိုင်ငံရေးခရီးစဉ်ဖြစ်ကြောင်းကို UNA အဖွဲ့ဝင် ကချင်အမျိုးသားကွန်ဂရက် ပါတီ KNC ဥက္ကဌ ဒေါက်တာ Kawn La ယခုလို ရှင်းပြသည်။

“ဒီ အစီစဉ်ကို အောက်တိုဘာလမှာ UNA အဖွဲ့ဝင်တွေက ဆုံးဖြတ်ချက်ချပြီး ယခုလို ကချင်ပြည်နယ်ကို ရောက်လာတာပါ။ UNA အဖွဲ့ဝင်ရှိနေတဲ့ (၁၅)ပါတီ အားလုံးလည်း စုံတယ်။ ကျနော်တို့ပြည်နယ်အသီးသီး အားလုံးကို အချက်အလက်တွေ ပြန်ကောက်ယူတယ်။ အဲ့အပေါ်မှာမူတည်ပြီး ကချင်ပြည်နယ်ကိုရောက်လာတာပါ။ ပြီးရင် ကျနော်တို့က အဖွဲ့ဝင်လည်းဖြစ်တဲ့ အတွက် အိမ်ရှင်အဖြစ် လက်ခံခဲ့တာပါ။”

‘အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ရှေ့ဆက်ဘယ်လိုဆောင်ရွက်သွားမည်’ ဟူသော ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ် အတွင်းရှိ နိုင်ငံရေးလုပ်ဆောင်သောအဖွဲ့များ နှင့် နိုင်ငံရေးပညာရှင်များထံမှ အကြံပြုချက်လာယူခြင်းဖြစ်သည်ဟု UNA မှ တာဝန်ရှိသူ ဦးစိုင်းကျော်ညွတ် က ဆိုပါသည်။

သို့သော်လည်း ကချင်ပြည်နယ် ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီ ကို ဦးဆောင်နေသည့် ကချင်ပါတီများပေါင်းစည်းအဖွဲ့ (Kachin State Party) တွင် ပါဝင်သော ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) နှင့် စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် (UDPKS) တို့မှ ကိုယ်စားလှယ်များ UNA ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း မရှိခဲ့ကြောင်းတွေ့ရသည်။

ယခုလို UNA ဆွေးနွေးပွဲ မတက်ရောက် နိုင်ခြင်းသည် ‘ကချင်ပါတီ ၃ပါတီမှ ပါတီပေါင်းစည်းရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် ဖြစ်သည်’ ဟု KDP ဥက္ကဌ ဦး Gumrawng Awng Hkam မှ ကချင်သတင်းဌာန KNG ကို ရှင်းပြသည်။

ဆွေးနွေးပွဲ ဖိတ်ကြားမှုတွင် ကချင်ပြည်နယ်အတွင်း လူမျိုးဘာသာပေါင်းစုံ နေထိုင်သည့်ပြည်နယ်ဖြစ်သည့် အတွက် UNA က ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR)ကို အကူအညီတောင်းထားကြောင်းလည်း ဆိုသည်။

ဗုဒ္ဓဟူနေ့ ဆွေးနွေးပွဲသို့ ကချင်အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ပြည်နယ်အသီးသီးမှ UNA အဖွဲ့ဝင် ပါတီ လူကြီးများ နှင့် နိုင်ငံရေးလေ့သုံးသပ်သူများ စုစုပေါင်း ၁၀၀ ခန့် ပါဝင်ခဲ့သည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...