ကချင်မျိုးနွယ်များ ၂ရက်ကြာ ဂုဏ်တော်ချီးမွမ်းခြင်း မြစ်ကြီးနားတွင် စတင်

ကချင်မျိုးနွယ်များ ၂ရက်ကြာ ဂုဏ်တော်ချီးမွမ်းခြင်း မြစ်ကြီးနားတွင် စတင်

ဒေသ အသီးသီးမှ ကချင်မျိုးနွယ်များအားလုံးစုပေါင်းပြီး ဘုရားသခင်အား သီးချင်းအားဖြင့် ဂုဏ်တော်ချီးမွမ်းသည့် အစီအစဉ်ကို မြစ်ကြီးနား မနောကွင်း Majoi ခန်း မတွင် ပြုလုပ်နေပါသည်။

အစီစဉ်ကို နိုဝင်ဘာ ၂၆-၂၇ ပြုလုပ်မည်ဖြစ်ပြီး ကချင်မျိုးနွယ်စု ၆စုဖြစ်သော ဂျိန်းဖော့၊ လချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူ မှ ခရစ်ယာန် ယုံကြည်သူ အသင်းတော်အသီးသီးမှ ဦးဆောင်ပြီး ‘Myit Hkrum Shakawn Hkungga’ (စည်းလုံးခြင်းယဇ်) ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်နေခြင်း ဖြစ်ပါသည်။

“ယခုလို ဒီပွဲကို လုပ်ဖြစ်တာက အဓိကတော့ ကျနော်တို့ ကချင်မျိုးနွယ်စုအားလုံး ကျနော်တို့ကိုးကွယ်တဲ့ ဘုရားကို စည်းစည်းလုံးလုံး ဂုဏ်တော်ချီးမွမ်းနိုင်ဖို့ပါ။ ပြီးရင်း မျိုးနွယ်စုအားလုံး က ကိုးကွယ်တဲ့ဘာသာလည်း မတူကြဘူး။ ဒီလိုလုပ်မှ အားလုံးက တစ်ခုတည်းဖြစ်ကြောင်း အမြင်တွေရလာမယ်” ဟု အစီစဉ် တာဝန်ခံ Maran Aung Mai ပြောဆိုသည်။

ယခုကဲ့သို့သော စုပေါင်းချီးမွမ်းခြင်းပွဲတော်ြပုလုပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ကချင်အနုပညာရှင် အယောက် ၃၀ကျော်ခန့် ဦးဆောင်ချီးမွမ်းနေသည်ဟု သိရပါသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...