ဒေသ အသီးသီးမှ ကချင်မျိုးနွယ်များအားလုံးစုပေါင်းပြီး ဘုရားသခင်အား သီးချင်းအားဖြင့် ဂုဏ်တော်ချီးမွမ်းသည့် အစီအစဉ်ကို မြစ်ကြီးနား မနောကွင်း Majoi ခန်း မတွင် ပြုလုပ်နေပါသည်။
အစီစဉ်ကို နိုဝင်ဘာ ၂၆-၂၇ ပြုလုပ်မည်ဖြစ်ပြီး ကချင်မျိုးနွယ်စု ၆စုဖြစ်သော ဂျိန်းဖော့၊ လချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူ မှ ခရစ်ယာန် ယုံကြည်သူ အသင်းတော်အသီးသီးမှ ဦးဆောင်ပြီး ‘Myit Hkrum Shakawn Hkungga’ (စည်းလုံးခြင်းယဇ်) ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်နေခြင်း ဖြစ်ပါသည်။
“ယခုလို ဒီပွဲကို လုပ်ဖြစ်တာက အဓိကတော့ ကျနော်တို့ ကချင်မျိုးနွယ်စုအားလုံး ကျနော်တို့ကိုးကွယ်တဲ့ ဘုရားကို စည်းစည်းလုံးလုံး ဂုဏ်တော်ချီးမွမ်းနိုင်ဖို့ပါ။ ပြီးရင်း မျိုးနွယ်စုအားလုံး က ကိုးကွယ်တဲ့ဘာသာလည်း မတူကြဘူး။ ဒီလိုလုပ်မှ အားလုံးက တစ်ခုတည်းဖြစ်ကြောင်း အမြင်တွေရလာမယ်” ဟု အစီစဉ် တာဝန်ခံ Maran Aung Mai ပြောဆိုသည်။
ယခုကဲ့သို့သော စုပေါင်းချီးမွမ်းခြင်းပွဲတော်ြပုလုပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ကချင်အနုပညာရှင် အယောက် ၃၀ကျော်ခန့် ဦးဆောင်ချီးမွမ်းနေသည်ဟု သိရပါသည်။







