KIA တပ်မဟာ (၁၀)မှ အစိုးရစစ်ကြောင်းအား မိုင်းကြီး ၂လုံးဖြင့် တိုက်ခိုက်

KIA တပ်မဟာ (၁၀)မှ အစိုးရစစ်ကြောင်းအား မိုင်းကြီး ၂လုံးဖြင့် တိုက်ခိုက်
ရှမ်းမြောက်၊ ပန်ဆိုင်း (ကြူကုတ်) ဒေသရှိ KIA တပ်မဟာ (၆) စစ်သားများ
ရှမ်းမြောက်၊ ပန်ဆိုင်း (ကြူကုတ်) ဒေသရှိ KIA တပ်မဟာ (၆) စစ်သားများ

ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲ-မုန်းဆီး လမ်း ကနေ မန်ပြိန်းဘက်ကို တက်လာသော မြန်မာအစိုးရ စစ်ကြောင်းကို စနေနေ့ နိုဝင်ဘာ ၂၄ နံနက်ပိုင်း ၁၀နာရီကျော်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၀) မှ မိုင်းကြီး ၂လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီး အချိန်တို ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း KIA က ဆိုသည်။

ပင်လုံကနေ မန်ပြိန်းဘက်ကို တက်လာသော အစိုးရတပ် တပ်မ ၉၉ ဟု ယူဆရသော စစ်ကြောင်းကို KIA တပ်ရင်း (၂) တပ်ဖွဲ့က remote မိုင်းကြီး ၂လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် အချိန် ၁၀မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားသည်ဟု KIA တပ်မဟာ (၁၀) သတင်းရပ်ကွက် က ဆိုပါသည်။

ယခုလို မိုင်းဖြင့် တိုက်ခိုက်ခံရပြီး မြန်မာစစ်သားများ ထိခိုက် သေဆုံးမှုရှိသောကြောင့် မန်ပြိန်းဘက်ကို မတက်နိုင်ဘဲ အခင်းဖြစ်သည့် နေရာတွင် ယနေ့ ညနေပိုင်းထိ တပ်ချနေသည်ဟု ကချင်သတင်းဌာန KNG မေးမြန်း သိရသည်။

ကွတ်ခိုင်-တာမိုးညဲ-မုန်းဆီး ကားလမ်းမ လမ်းကြောင်းတလျှောက် အစိုးရစစ်သားများ အမြဲ လုံခြုံရေး ယူထားပါသည်။

June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...