ဆဒုံ Chyinghtawng Pa ကောက်သစ်စား ပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပ

ဆဒုံ Chyinghtawng Pa ကောက်သစ်စား ပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပ

ကချင်ပြည်နယ် ဆဒုံးမြို့နယ်ခွဲ Chyinghtawng Pa ကျေးရွာ၏ ယခုနှစ် ကချင်ရိုးရာ ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနေပါသည်။

ကချင်လို ‘Nlung (Shat) N’nan Sha Poi (အင်လုံ အင်နန် ရှားပွဲ)’ ဆိုသော ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲကို နိုဝင်ဘာ ၁၂ မှ ၁၄ ထိ ၃ရက်သာ ကျင်းပမည်ဖြစ်ပြီး ပျော်ရွှင်စွာ ကောင်းသည့် ကချင်ရိုးရာအားကစားများ ပါဝင်မည် ဖြစ်သည်။

Chyinghtawng Pa (ကြိမ်ထောင်ပါ) ကချင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ပွဲအတွင်း ဒေသအတွင်း မှရရှိသော သဘာ၀ ပန်း အရွက်၊ သီးနှံများဖြင့်သာ ခမ်းနားစွာ ပြင်ဆင်ထားခြင်း တွေ့ရသည်။

အဆိုပါကောက်သစ်စားပွဲကို တစ်ခြားနေရာဒေသတွေမှာ ပြုလုပ်နေသည့် ကျေးဇူးတော်ချီးမွမ်းပွဲတွေထက် ပိုမိုခမ်းနားစွာ ပြုလုပ်ပြင်ဆင် ရသည့် အပေါ် ပွဲတာဝန်ခံ ဆလန် Dashi Tu Lum က ယခုလို ပြောသည်။

"ပြောရမယ်ဆိုရင် ကျနော်တို့က နှစ်တိုင်းပြုလုပ်တယ်။ ဒီလိုပွဲဟာ ခရစ်ယာန်ဘာသာအားလုံးက ဘုရားရဲ့ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြစ်တဲ့ ပွဲဖြစ်တယ်။ ကျနော်တို့လည်း တစ်နှစ်တာလုံး ရရှိတဲ့ အသီးအနှံ၊ ကြက်၊ ဝက်၊ နွား၊ အားလုံး ဘုရားကို ယဇ်ပူဇော်တဲ့ပွဲဖြစ်တယ်။ ပြီးရင် ကချင်ရိုးရာထုံးတမ်းနဲ့အညီပြုလုပ်ဖြစ်တာပါ။"

ကောက်သစ်စားပွဲတွင် ရှေးခေတ် ကချင်လူမျိုးများ ကျင့်သုံးလာခဲ့သည့် မီးရရှိအောင်ပြုလုပ်သည့်ပြိုင်ပွဲ၊ ဝါးစေ့ရိုက်ပြိုင်ပွဲ၊ စပါးထောင်းပြိုင်ပွဲ၊ တိုင်တက်ပြိုင်ပွဲ၊ ကချင်ရိုးရာအက၊ ကချင်အနုပညာရှင်များမှ တေးသီချင်းများသီဆိုခြင်း စသောထူးခြားသော အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြသည်။

ယခု Chyinghtawng Pa ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲကို ထူးခြားစွာ နှစ်စဉ် ဆက်တိုက် ပြုလုပ်လာခြင်းမှာ ယခု (၁၈)ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

အင်လုံအင်နန်ရှားပွဲ သို့ နီးစပ်ရာ မြစ်ကြီးနား၊ ဝိုင်းမှော်၊ ဆဒုံး၊ စသော နေရာဒေသ အသီးသီးမှ ဧည့်သည်များလည်း လာရောက် ပါဝင်ခဲ့ခြင်းတွေ့ရသည်။

Chyinghtawng Pa ကျေးရွာမှာ ဆဒုံး ကန်ပိုင်တီ နယ်စပ်ဒေသ အနီးတွင်တည်ရှိနေသည့် အတွက် လူမျိုးဘာသာ ပေါင်းစုံနေထိုင်သည့်ဒေသဖြစ်ပြီး ခရစ်ယာန်ဘာသာ အိမ်ခြေ (၁၁၀)ခန့် ရှိကြောင်း သိရသည်။

ကောက်သစ်စားပွဲတော်သည် နှစ်စဉ် ကချင်အမျိုးသားများ ကျင်းပလျှက်ရှိသော အကြီးဆုံးပွဲတော် တစ်ရပ် ဖြစ်သော်လည်း ၂၀၁၁ ကချင်ဒေသ တကျော့ပြန် တိုက်ပွဲ ဖြစ်လာချိန်ကတည်းက ပွဲတော်ကို ကြီးကြီးမားမား ကျင်းပခြင်းများ မတွေ့ရခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...