ကျောက်မဲတွင် အမျိုးသမီး ၂ ဦးမိုင်းနင်းမိ တဦးသေ

ကျောက်မဲတွင် အမျိုးသမီး ၂ ဦးမိုင်းနင်းမိ တဦးသေ
Photo form Tin Maung Thein Facebook/ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံတွင် သေဆုံးသွားသော လွေးခမ်းယဉ်
Photo form Tin Maung Thein Facebook/ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံတွင် သေဆုံးသွားသော လွေးခမ်းယဉ်

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခုံငင်းကျေးရွာ အနီးတွင် အမျိုးသမီး ၂ ဦး မိုင်းနင်းမိကာ သေကြေဒဏ်ရာရမှုရှိခဲ့ကြောင်းသိရသည်။

နို၀င်ဘာလ ၁၁ ရက် နံနက် ၉ နာရီက ခုံငင်းကျေးရွာ မှ ကျောက်မဲမြို့ သို့ ဆိုင်ကယ်ဖြင့် အသွား ခုံငင်း တံတား အနီးတွင် မိုင်းနင်းမိပြီး အသက် ၂၀ နှစ်အရွယ် လွေးခမ်းယဉ် နှင့် အသက် ၂၆ နှစ်အရွယ် လွေးငွေခိုင် တို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

လွေးငွေခိုင်သည် ပေါင်၊ လက်မောင်း နှင့် လည်ပင်း များတွင်မိုင်းစ ထိမှန်ဒဏ်ရာရရှိပြီး လွေးခမ်းယဉ် သည် ဦးခေါင်း နှင့် လည်ပင်းတို့တွင် ထိမှန်ကာ ယမန်နေ့ ည ၁၁ နာရီ အချိန်တွင်ပင် မန္တလေး ဆေးရုံ ၌ သေဆုံးသွားကြောင်း ကျောက်မဲမြို့ အိုမ်တမောဝ် လူမှုကူညီရေးအသင်း မှ အဘမ်းက ပြောသည်။



Photo from Tin Maung Thein Facebook/ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသော လွေးငွေခိုင်

“ မိုင်းထိမှန်တဲ့သူတွေကို အစက ကျောက်မဲဆေးရုံပို့တယ်။ ခွဲစိတ်တဲ့ ပစ္စည်းတွေ မစုံလို့မန္တလေး ဆေးရုံကိုလွှဲပေးလိုက်တယ်။ ည ရ နာရီမှာ မန္တလေး ဆေးရုံရောက်တယ်။ မိုင်းစတွေ ဦးနှောက်ထိပြန့်သွားလို့ ည ၁၁ နာရီမှာ လွေးခမ်းယဉ် ဆုံးသွားတယ်။ နောက် တယောက်ကတော့ သက်သာတယ်။ လမ်းတောင်လျှောက် နေပြီ” ဟု အဘမ်း က ဆိုသည်။

အဆိုပါ ကျောက်မဲမြို့နယ် ခုံငင်း ကျေးရွာ အနီးတွင် မိုင်းနင်းမိသူ ၃ ဦးရှိခဲ့ကြောင်း ၊ ယခုနှစ်အတွင်း ကျောက်မဲမြို့နယ် အတွင်း မိုင်းနင်းမိ သူ ဦးရေ ၁၀ ဦး အထက် ရှိကြောင်း အဘမ်း က ပြောသည်။

“ ကျနော်တို့ လူမှုရေးအဖွဲ့ကနေ မိုင်းနင်းမိသူတွေကို ကူညီပေးခဲ့တာ ၁၀ ဦး အထက်ပါပဲ။ သံဃာတော်တွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေရော၊ ကလေးတွေပါပါတယ်” ဟု အဘမ်းက ဆိုသည်။

ကျောက်မဲမြို့နယ် အတွင်း မြန်မာ တပ်မတော်၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/ SSA )၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS /SSA )တို့လှုပ်ရှားသွားလာပါသည်။ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှထောင်ထားသောမိုင်းမှန်းမသိရသေးပေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...