တရားမဝင် ကျောက်စိမ်းတူးဖော်သူ များလာခြင်းကိစ္စ ဖားကန့်အုပ်ချုပ်ရေးရုံး သို့ တင်ပြ

တရားမဝင် ကျောက်စိမ်းတူးဖော်သူ များလာခြင်းကိစ္စ ဖားကန့်အုပ်ချုပ်ရေးရုံး သို့ တင်ပြ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Green Land မှ သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများကို ဖားကန့်မှော်အတွင်း တရားမဝင်လုပ်ငန်း လုပ်ကိုင်သူများ များလာသည့်အပေါ် မည်ကဲ့သို့ ဆောင်ရွက်သွားမည် ကို နိုဝင်ဘာ ၅ရက်နေ့ ဖားကန့်အုပ်ချုပ်ရေးရုံး တွင် တင်ပြဆွေးနွေးခဲ့သည်။

အဓိကတင်ပြခဲ့ခြင်းမှာ တရားမဝင်ကျောက်မျက်တူးဖော်မှုနှင့် စက်ယန္တာရား အလွန်အကျွံသုံးစွဲမှုများ လာသည့်အတွက် သက်ဆိုင်ရာအစိုးရက တာဝန်ယူဆောင်ရွက် ပေးရန်အစီအစဉ် ရှိ မရှိကို တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ တင်ပြဆွေးနွေးမှုတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက ၎င်းကစ္စိနှင့်ပတ်သက်ပြီး တိကျစွာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိကြောင်း ကို Green Land ဥက္ကဌ ဦး Ying Hkaw က ပြောဆိုသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (Green Land) မူဝါဒအရ တရားမဝင် ကျောက်မျက်တူးဖော်မှုကို တတ်နိုင်သမျှ အစိုးရသိရှိအောင် ကူညီ ဖော်ထုတ်သွားမည်ဖြစ်ကြောင်းကို ဆက်ပြောသည်။

သဘာဝပတ်ဝန်းကျင်အဖွဲ့သည် ၂၀၁၆ ကစပြီး သဘာဝပတ်ဝန်းကျင်လုပ်ငန်းဆိုင်းရာ လုပ်ငန်းများ လုပ်ဆောင်နေသည်ပြီး အစိုးရမှ တရားဝင်အဖွဲ့အစည်းတစ်ခု လည်းဖြစ်သည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...