ရှမ်းပြည်တွင်း လက်နက်ကိုင်တပ်ဖွဲ့များကြားတိုက်ပွဲကြောင့် သီပေါဒေသခံလူထု ထောင်ကျော်စစ်ဘေးရှောင်နေရ

ရှမ်းပြည်တွင်း လက်နက်ကိုင်တပ်ဖွဲ့များကြားတိုက်ပွဲကြောင့် သီပေါဒေသခံလူထု ထောင်ကျော်စစ်ဘေးရှောင်နေရ
သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံလူထု ၁၀၀၀ ကျော် အထိ တိုး (photo/Sipaw Youth)
သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံလူထု ၁၀၀၀ ကျော် အထိ တိုး (photo/Sipaw Youth)

သျှမ်း( ရှမ်း) ပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံလူထု ၁၀၀၀ ကျော် အထိ ယနေ့တိုးလာနေကြောင်းသိရသည်။

၂ ဦး ၂ ဖက်ကြားတိုက်ပွဲများမှာ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့  ၂ရက်တာအတွင်းဖြစ်ပြီး စစ်ဘေးရှောင်များမှာ လည်း နားမခေါ်ကျောင်းတိုက်နှင့်ဝမ့်ဟုန့်ရွာကျောင်းတိုက်တို့တွင် စစ်ဘေးရှောင်ခိုလှုံနေကြခြင်းဖြစ်သည်။

နားမခေါ်ရွာ ဒေသခံလူငယ် စိုင်းဝမ်းဟိန်းက – “[ နိုဝင်ဘာလ ၃ ရက်နေ့ ]မနက်တုန်းက ဝမ့်ဟုမ့်ကရွာသားတွေ စစ်ဘေးရှောင် ထပ် ရောက် လာတယ်။ တိုက်ပွဲတွေဘာတွေတော့အခု ငြိမ်နေတယ်။ တဖက်တပ်တွေလည်းအသီးသီး ဆုတ်ခွါကြပြီလို့ ပြောတယ်။ ဒါပေမယ့် အခြေအနေက လုံး၀ စိတ်မချရသေးတာကြောင့်နေရပ်ပြန်ပို့ဖို့ စောင့်ကြည့်ရဦးမယ် “-ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်စစ်ဘေးရှောင်များမှာ နားမခေါ်အုပ်စုဝင်များဖြစ်သော ဝမ့်ဟိုနားရွာ၊ ဝမ့်နိုင်းလုံရွာ၊ ဝမ့်တုန့်ကျိုင်းရွာ၊ တာ့လုံရွာ ခိုင်းဟျိုးရွာမှ  ၂၂၈  အိမ်ထောင်၊ ဒေသခံ ၆၅၂ ဦး၊  ဝမ့်ဟုန်ရွာသား အိမ်ခြေ ၉၄ အိမ်နှင့် လူဦးရေ ၄၁၀ စုစုပေါင်းလူဦးရေ ၁၀၅၂ ဦး  အိမ်ထောင်စုပေါင်း ၃၂၂ စုဖြစ်ကြောင်း သိရသည်။

စိုင်းဝမ်းဟိန်းက- “အစားအသောက် အဝတ်အထည်နဲ့နေထိုင်ဖို့ကျတော့ သီပေါမြို့နယ်ထဲက နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေကနေ လာပြီးကူညီထေက်ပံ့မှုပေးပါတယ်။ “- ဟုပြောသည်။

ယခုတပတ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဝင်များ နှင့် RCSS/SSA တို့ကြား တိုက်ပွဲများမကြာခနဖြစ်ပွါးသဖြင့် နမ္မတူမြို့နယ် နှင့် လားရှိုးမြို့နယ်တို့မှ ရွာသား ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိတွင် ၎င်းတို့သည်နေရပ်အသီးသီးပြန်သွားကြပြီဟုဆိုသော်လည်း မကြာခဏ စစ်ဘေးတိမ်းရှောင်ခဲ့ရသဖြင့် လယ်ယာခြံထွက်သီးနှံများ သိမ်းဆည်းခြင်းမပြုနိုင်ဘဲ  ဝမ်းရေးအတွက် စိုးရိမ်နေကြေကြောင်းလည်း၎င်းတို့က ပြောသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...