Published
Monday, October 29, 2018
ကရင်ဘာသာ အစီအစဉ် (အောက်တိုဘာလ ၂၄၊ ၂၀၁၈)
ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပြန်လည်ပေါင်းစည်းဆောင်ရွက်ရေးအတွက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ-KNDP က တိုက်တွန်းနှိုးဆော်စာ ထုတ်ပြန်လိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ မျက်စိအခမဲ့ ခွဲစိတ်ကုသမှုပေးခဲ့တဲ့ ဒေါက်တာ ဖရန့် ဂရင်း (Dr. Frank Green) ရဲ့ ကွယ်လွန်သွားခဲ့တဲ့ ရက်လည်ဆုတောင်းပွဲ အခမ်းအနားကို မယ်တော်ဆေးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အစိုးရ ထိပ်သီးခေါင်းဆောင်တွေ သီးသန့်အစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ တစ်ခုတည်းသော တပ်မတော်ထားရှိရေးနဲ့ပတ်သက်ပြီး ကေအဲန်ယူ-ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကိုတွေ့ဆုံမေးမြန်းထားပါတယ်။






