SSPP/SSA မေတ္တာရပ်ခံချက်ကြောင့် နန်းမိုဟွမ်ကို ယနေ့ လွတ်ပေးလိုက်ပြီဟု TNLA ထုတ်ပြန်

SSPP/SSA မေတ္တာရပ်ခံချက်ကြောင့် နန်းမိုဟွမ်ကို ယနေ့ လွတ်ပေးလိုက်ပြီဟု TNLA ထုတ်ပြန်
နန်းမိုဟွမ် ကို မိသားစုဝင်တွေဖြစ် တဲ့ ဦးစိုင်းထွန်းလှိုင်၊ ဒေါ်နန်းမြရင်၊ စိုင်းခန်းဆိုင် တို့ထံ ပြန်လည်အပ်နှံစဉ် (Photo: PSLF -TNLA News & Information Department)
နန်းမိုဟွမ် ကို မိသားစုဝင်တွေဖြစ် တဲ့ ဦးစိုင်းထွန်းလှိုင်၊ ဒေါ်နန်းမြရင်၊ စိုင်းခန်းဆိုင် တို့ထံ ပြန်လည်အပ်နှံစဉ် (Photo: PSLF -TNLA News & Information Department)

ရက်ပေါင်း ၆၀ နီးပါး ဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား SSPP/SSA မေတ္တာရပ်ခံချက်ကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း TNLA ဥက္ကဌ မှ ကြေငြာချက်တစောင် ထုတ်ပြန် လိုက် သည်။

အဆိုပါကြေငြာချက်တွင် FPNCC ၏ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရသော်လည်းကောင်း၊ မဟာမိတ်အဖွဲ့ အစည်း ဖြစ်သည့် SSPP/SSA ၏ မေတ္တာရပ်ခံချက်ကြောင့်လည်းကောင်း နန်းမိုဟွမ်အား ပြစ်ဒဏ်မှ ချွင်းချက် မရှိ လွှတ်ငြိမ်းသက်သာခွင့်ပေး လိုက်ပြီဖြစ်ကြောင်း TNLA ဥက္ကဌ ဗိုလ်ချုပ် တားအိုက်ဘုန်းက အောက်တိုဘာလ ၁၅ ရက်နေ့ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန် ခဲ့သည်။

“ကျနော်တို့သိရသလောက်တော့ နန်းမိုဟွမ်ရဲ့မိသားစုဝင်တွေနဲ့ SSPP/SSA ကနေ သွားကြိုနေပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်ပေါ့။ နက်ဖြန်ကျရင် ၀မ်ဟိုင်းဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ကြား သိရပါတယ်။ ” – ဟု နမ့်ခမ်းမြို့ခံလူငယ်ခေါင်းဆောင် စိုင်းသိန်းရွှေ ကသျှမ်းသံတော်ဆင့်အားပြောသည်။

နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ FPNCC ခေါင်းဆောင်များထံ နမ့်ခမ်းဒေသခံလူငယ်ခေါင်းဆောင် ၄ ဦးက သွားရောက်တွေ့ဆုံပြီး တအာင်းတပ်ဖွဲ့ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။

နန်းမိုဟွမ်အားအမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေငြာချက်တစောင်ပါထုတ်ပြန်ခဲ့သည်။

“ခုထိတော့အိမ်မရောက်သေးဘူးခင်ဗျ ။ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးတဲ့အတွက် ကျနော်တို့တော့ အတိုင်းမသိ ၀မ်းသာပါတယ်။ “- ဟု ခင်ပွန်းဖြစ်သူ စိုင်းစောရွှေက သျှမ်းသံတော်ဆင့်အား ပြောသည်။

ယမန်နှစ် ၂၀၁၇ က နန်းမိုဟွမ် အိမ်မှ အခွန် ၁၁ သိန်းကောက်ခံပြီးအပြန် တအာင်းတပ်သား ၂ ဦးအား လမ်းတွင် အစိုးရတပ်မှ ချောင်းမြောင်းပစ်ခတ်ရာ တဦးသေ တဦးဖမ်းဆီးခံရသည့်အပေါ် TNLA က နန်းမိုဟွမ် သည် တအာင်းအကောက်ခွန် ၀န်ထမ်းအား တာဝန်ဝတ္တရားနှောင့်ယှက်သည်ဟုဆိုကာ သူမအား စက်တင်ဘာ ၁၇ ရက် နေ့ မနက် ၈ နာရီခွဲ ( သူမ၏ ကလေး အား ထမင်းကျွေးနေချိန် ) လက်နက်ကိုင် တအာင်းတပ်ဖွဲ့ဝင် ၅ ဦးက သေနတ်ထိုးချိန်ကာ ကားပေါ် တင်ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည် ။

နန်းမိုဟွမ်အား ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ မိဘများရှေ့မှောက်တွင်တရားစီရင်မည်ဖြစ်ကြောင်း TNLA ၏ ပြန်ကြားရေးဌာနက ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက် မိဘများအားမခေါ်ယူဘဲ နန်းမိုဟွမ်အား ပြစ်ဒဏ် ၃ နှစ် ချမှတ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့က TNLA ထုတ်ပြန်ထားရာမှ ၄င်း၏မဟာမိတ် SSPP/SSA ၏ မေတ္တာရပ်ခံချက်ကြောင့် ဟုဆိုကာ ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...