ရှမ်း-ထိုင်းနယ်စပ်နေ ရှမ်းတော်လှန်ရေးသမားဟောင်း တဦး ကွယ်လွန်

ရှမ်း-ထိုင်းနယ်စပ်နေ ရှမ်းတော်လှန်ရေးသမားဟောင်း တဦး ကွယ်လွန်
ကွယ်လွန်သူ စဝ်လျန်းမိဏ်း၏ဈာပန ပိန်းလုံမြို့ရှိနေအိမ်တွင်ပြုလုပ် (photo/Tangma mkn)
ကွယ်လွန်သူ စဝ်လျန်းမိဏ်း၏ဈာပန ပိန်းလုံမြို့ရှိနေအိမ်တွင်ပြုလုပ် (photo/Tangma mkn)

သျှမ်း(ရှမ်း)ပြည်တပ်မတော် နွံစစ်ဟန်စတင်ကတည်းက ပါဝင်လာခဲ့သော သက်တမ်းရင့် တော်လှန်ရေး သမားဟောင်း စဝ်လျန်းမိဏ်းသည် သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

နမ္မတူမြို့နယ် (သိန္နီစော်ဘွားလက်အောက်ခံ) မိုင်းရင် မြို့စား၏ သားဖြစ်သူ စဝ်လျန်းမိဏ်း အသက် ၇၆ နှစ်သည် အောက်တိုဘာလ ၈ ရက် နေ့ က သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

“ဘာရောဂါမှကြီးကြီးမားမားမရှိပါဘူး။ ပြီးခဲ့တဲ့လကတော့ ခြေထောက်နာလို့ လမ်းမလျှောက်နိုင်ဘူး အဲလောက်ဘဲ။ ခုတော့ ဆုံးသွားတာမြန်လွန်းတယ် ”- ဟု ယောက်ဖ တော်စပ်သည့် ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာ ဦးခွန်စိုင်းကပြောသည်။

စဝ်လျန်းမိဏ်းသည် ၁၉၆၄ ခုနှစ်ကတည်းက  SSA တော်လှန်ရေးတပ်ဖွဲ့အတွင်းဝင်ရောက်ခဲ့ပြီး စဝ်ကွဏ်းဇိဏ်း ဦးဆောင်သော SURA အဖွဲ့တွင် ခေါင်းဆောင်ကြီးနှင့်အတူ လိုက်ပါ အလုပ်လုပ်ခဲ့ရသူဖြစ်ပြီး၊ ၁၉၆၆ ခုနှစ်က SSA နှင့် SNIA ပူးပေါင်းရေး၊ ရလလဖ နှင့်ပူးပေါင်းရေးအတွက်တာဝန်ပေးအပ်ခြင်းခံရသူဖြစ်သည်။   ထိုနောက်ပိုင်း SURA ဌာနချုပ်တွင် စိုက်ပျိုးရေးနှင့် သစ်တောတွင် တာဝန်ထမ်းဆောင်ကာ  ၁၉၉၆ လုပ်ငန်းတာဝန်မှရပ်နားသည်အထိ ဖြစ်သည်။   လက်ရှိတွင် စဝ်လျန်းမိဏ်း၏ ကျန်ရစ်သူမိသားစုမှာ ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့ ပိန်းလုံအုပ်စု တွင် နေထိုင်ကြောင်းသိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...