တာချီလိတ်စျေးသည်တဦး သေနတ်ထောက်ဖမ်းဆီးခံရ

တာချီလိတ်စျေးသည်တဦး သေနတ်ထောက်ဖမ်းဆီးခံရ
by -
နန်းဆိုင်နွမ်
တာချီလိတ်စျေးသည်တဦး သေနတ်ထောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ကို စီစီတီဝီမှတွေ့ရစဉ် (photo:တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)
တာချီလိတ်စျေးသည်တဦး သေနတ်ထောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ကို စီစီတီဝီမှတွေ့ရစဉ် (photo:တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)

သျှမ်း (ရှမ်း)ပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာ အုပ်ရွာ ဝှေလေလန် ကျေးရွာတွင် အောက်တိုဘာ ၃ ရက်နေ့ မနက် ၈နာရီခွဲတွင် အမျိုးသမီး တဦးကို အမည်မသိ အမျိုးသား ၅ ဦးမှ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အသက် ၅၀ အရွယ် ပါ့အီနန်း ၏ နေအိမ် စျေးဆိုင် တွင် စျေးရောင်းနေစဉ် အမည်မသိ အမျိုးသား ၄ ဦးမှ သေနတ်များဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်းသွားကြောင်း တာချီလိတ် ဒေသခံ အမျိုးသားတဦးက ပြောပြသည်။

“ ဘယ်က အဖွဲ့ဆိုတာတော့ မသိရသေးဘူး။ တချို့ကတော့ အရောင်းအဝယ် ကိစ္စကြောင့် ဖမ်းဆီးသွားတယ်လို့ ကြားရတယ်။ ပါ့အီနန်း က အိမ်မှာ စျေးရောင်းနေချိန် သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဆွဲခေါ်သွားတာ” ဟု အဆိုပါ အမျိုးသား က ဆိုသည်။

ပါ့အီနန်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား ၅ ဦးမှာ မျက်နှာတွင် ပုဝါစည်းထားပြီး၊ ဦးထုပ်ဆောင်းထားကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေသေးကြောင်း၊ မည်သည့် အဖွဲ့ ဆိုတာ သေချာ မသိသေးကြောင်း ဟု တာချီလိတ်မြို့ မ ရဲစခန်းမှ ပြောသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...