မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး

မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး
မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး (photo/Numtu Youth)
မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး (photo/Numtu Youth)

မိုးဆက်တိုက်သည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတူမြို့နယ် မိုင်းတတ်ရွာတွင်တောင်ကျချောင်းရေလျှံကာ နေအိမ်များရေလွှမ်းပြီး တံတားတစင်းကျိုးကျပျက်စီးကြောင်းသိရသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့က တောင်ကျချောင်းရေလျှံကာ နမ္မတူမြို့နယ် မိုင်းတတ်ရွာ တံတားတစင်းကျိုးကျပျက်စီးရေနှင့်မျောပါသဖြင့် ဒေခံလူထု သွားလာမှုခက်ခဲရကြောင်း၊ ဖောင်စီးဖြတ်သန်းရကြောင်း မိုင်းတတ်ဒေသခံနန်းဟွမ်ကပြောသည်။

"မိုင်းတတ်အဝင် နမ့်တတ်ချောင်းကူး သံ၊ပျဉ် တံတားကြီးကျိုးပျက်သွားတော့ လူထုသွားရလာရခက်ခဲတာပေါ့။ ဖောင်စီးပြီးဖြတ်သန်းသွားလာနေရတယ်။ နေ့ခင်းကတည်းက ရေကြီးတာ ညပိုင်းအထိရေမကျသေးဘူး။ မိုင်းတတ်ရွာထဲအထိရေလျှံတယ် "– ဟု နန်းဟွမ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

မိုင်းတတ်နှင့်ကပ်လျက်ရှိ မိုင်းဆိန်ရွာအတွင်းသို့ပါ ရေများဝင်ကာလူနေအိမ်အတွင်း  ဈေးဆိုင်များအတွင်း လျှံဝင်ကုန်ကြောင်း၊ အကြီးမားဆုံးရေကြီးမှုဖြစ်ကြောင်း မိုင်းတတ်ဒေသခံ နန်းနု ကလည်းပြောသည်။

“ဘ၀မှာ ရေအကြီးမားဆုံးလျှံတာဘဲ။ ကုန်းပိုင်းမှာကျတဲ့ သင်္ချိုင်းကုန်းခြေရင်းအထိတောင်ရောက်တယ် “- ဟု ပြောသည်။

မိုင်းတတ်ရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး နမ္မတူမြို့မြောက်ဘက် ၇ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။

အလားတူ အောက်တိုဘာလ ၁ ရက် ၂ ရက်အတွင်း ကျသည့်မိုးကြောင့် တောင်ကျချောင်းရေလျှံကာ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ အဝင်၊ မြို့အနောက်ဘက်ရှိ လွယ်နွဲ့တောင်နှင့်မြို့အဝင်ပေါက် အကြား   ဒေသခံများလယ်ယာမြေပိုင်ရှင် ၇ ဦး၏ လယ်ယာမြေများ အတွင်းစီးဝင်ဖြင့် ပျက် စီးဆုံးရှုံးရကြောင်းသိရသည်။  ညနေပိုင်းအထိရေမကျသဖြင့် ရေကျပြီးမှသာ ဆုံးရှုံးမှုတန်ဖိုးကိုသိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...