တိုက်ပွဲကြောင့် အဆုတ်တွင်း ကျည်ဆံဝင်သွားသည့် နမ္မတူရွာသား အား ကျည်ခွဲစိပ်ထုတ်ပေးပြီး

တိုက်ပွဲကြောင့် အဆုတ်တွင်း ကျည်ဆံဝင်သွားသည့် နမ္မတူရွာသား အား ကျည်ခွဲစိပ်ထုတ်ပေးပြီး
စိုင်းစံထွန်းအား စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ်
စိုင်းစံထွန်းအား စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ်

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံအုပ်စုအတွင်း ယခုလဆန်းကဖြစ်ပွါးခဲ့သောတိုက်ပွဲကြောင့် ကျည်ဆံထိမှန်ဒဏ်ရာရသည့် ပန်လုံရွာသားအား အဆုတ်မှကျည်ဆံခွဲထုတ်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။

စက်တင်ဘာလ ၁ ရက်နေ့က ပန်လုံအုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ကြားဖြစ်ပွားသောတိုက်ပွဲကြောင့် ဒေသခံရွာသား ၂ ဦးအား ကျည်ဆံထိမှန်ရာ တဦးမှာ ဆေးကုသမှု ခံယူကာ နေကောင်းသွားပြီဖြစ်သော်လည်း စိုင်းစံထွန်းမှာ အဆုတ်အတွင်း ကျည်ဆံဝင်သွားသဖြင့် သီပေါဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့ဆောင်ခွဲစိပ်ခဲ့ရသည်။

“မန္တလေးဆေးရုံမှာ စက်တင်ဘာလ ၂၅ ရက် ညနေ ၃ နာရီက သူ့အဆုတ်ထဲက ကျည်ဆံကိုဆရာဝန်တွေကခွဲထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ခွဲစိပ်ကုသမှုစရိတ်ကိုတော့ နမ်တူကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းခမ်းအေးကနေ ကူညီထောက်ပ့ံမှုပေးထားပါတယ်။ စိုင်းစံထွန်းရဲ့ကျန်းမာရေးကောင်းမွန်လာပြီလို့ဆိုရပါမယ်။ ဘယ်တော့ဆေးရုံကဆင်းရ မယ်တော့မသိရသေးပါဘူး ”- ဟု မန္တလေးဆေးရုံတွင် စိုင်းစံထွန်းအားကူညီပြုစုပေးသည့် စိုင်းခွန်ဆိုင်ဖှ ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးကြစဉ် ရွာသား စိုင်းစံထွန်း အသက် ၅၀ ကျော်နှင့် စိုင်းမို အသက် ၂၀ ကျော်တို့ကျည်ဆံထိမှန်ရာ သီပေါမြို့မှ ကူညီမှုအဖွဲ့က သီပေါဆေးရုံသို့ပို့ဆောင်ခဲ့သည်။ စိုင်းမိုမှာ လက်နှင့်ဝမ်းဗိုက်တွင်ကျည်ရှပ်ခဲ့သည်ဖြစ်ရာသီပေါတွင်သာဆေးကုသမှုခံယူခဲ့ပြီး စိုင်းစံထွန်းမှာ အဆုတ်အတွင်း ကျည်ဆံဝင်သွားသဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။

စက်တင်ဘာလဆန်းပိုင်းကတည်းကစပြီး နမ္မတူမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ အကြားတိုက်ပွဲ များဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ဒေသခံလူထုမှာလည်း လယ်ယာလုပ်ငန်းခွင်များပျက်ကွက်ခဲ့ရသည်။ လက်ရှိတိုင် အဆိုပါဒေသတွင်တိုက်ပွဲများကြိုကြား ကြိုကြား ဖြစ်ပွါးနေဆဲဖြစ်ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...