ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျားဖြူပါတီစည်းရုံးရေးဆင်း

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျားဖြူပါတီစည်းရုံးရေးဆင်း
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက

နို၀င်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်း(ရှမ်း)တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ SNDP မှ မန္တလေးတိုင်းအတွင်းနှင့် သျှမ်းပြည်နယ်လဲချားမြို့နယ်အတွင်းစည်းရုံးရေး ဆင်းနေပြီဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက် ယှဉ်ပြိုင်မည့် ကျားဖြူပါတီမှ ဦးစိုင်းကျော်အုန်းနှင့် လဲချားမြို့နယ်တွင် ယှဉ်ပြိုင်မည့် စိုင်းရွှေဆိုင်းတို့မှ စက်တင်ဘာလဆန်းကစပြီး စည်းရုံးရေးဆင်းနေပြီဖြစ် ကြောင်းသိရသည်။

“သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက – ဒီ ၂ နေရာကို ကျနော်တို့ ကျားဖြူပါတီက အနိုင်ရရင် ကျနော်တို့သျှမ်းလူမျိုးအတွက် လူ့အခွင့်အရေး မျှတစွာရရှိရေး အတွက်လုပ်ဆောင်ပေးမယ်။ လမ်းပန်း ဆက်သွယ်ရေးလွယ်ကူချောမွေ့အောင်လုပ်ပေးမယ်။ ပညာရေး၊ ကျန်းမာရေး၊လျှပ်စစ်မီးရရှိရေး စတာတွေအတွက်လုပ်ပေးမယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကျားခေါင်းပါတီမှ နန်းထွေးမှုံ၊ ကျားဖြူပါတီမှ စိုင်းကျော်အုန်းနှင့် ကြံ့ခိုင်ရေးပါတီမှ စိုင်းအောင်ကြည် ၊ NLD ပါတီမှ စိုင်းပန်းဆိုင်တို့မှလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့အပြင် တသီးပုဂ္ဂလအနေဖြင့်လည်း ၁ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။

လဲချားမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ကျားဖြူပါတီမှ စိုင်းရွှေဆိုင်း၊ ကျားခေါင်းပါတီမှ စိုင်းဥက္ကာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းအောင်ထွန်းလေး တို့က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...