နမ့်ဆိုင်ချောင်းရေကြီး ထိုင်းနယ်စပ် တာချီလိတ်မြို့ အနိမ့်ပိုင်းရပ်ကွက် ရေနစ်မြုပ်

နမ့်ဆိုင်ချောင်းရေကြီး ထိုင်းနယ်စပ် တာချီလိတ်မြို့ အနိမ့်ပိုင်းရပ်ကွက် ရေနစ်မြုပ်
by -
နန်းဆိုင်နွမ်
မိုးသည်ထန်ရွာသွန်းမှုကြောင့် တာချီလိတ် အနိမ့်ပိုင်း ရပ်ကွက်များ နမ့်ဆိုင်ချောင်းရေလျှံဝင်မှု ဖြစ်ပွား
မိုးသည်ထန်ရွာသွန်းမှုကြောင့် တာချီလိတ် အနိမ့်ပိုင်း ရပ်ကွက်များ နမ့်ဆိုင်ချောင်းရေလျှံဝင်မှု ဖြစ်ပွား

သျှမ်း(ရှမ်း)ပြည်နယ် အရှေ့ပိုင်း ထိုင်း – မြန်မာ နယ်စပ် တာချီလိတ်မြို့ တွင် ယမန်နေ့( စက်တင်ဘာ ၁၇) ရက် ညပိုင်းက မိုးသည်ထန်ရွာသွန်းမှုကြောင့် တာချီလိတ် အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် ဆန်ဆိုင်း (က) ရပ်ကွက်နှင့် တာလော့ ရပ်ကွက်များတွင် ရေများ ယခုချိန်ထိ စီးဝင်နေသေးကြောင်း တာချီလိတ်မြို့ စိုင်းဝမ်း က ပြောသည်။

“မနက်က ရေအရမ်းတက်တယ်။ အခုတော့ ပြန်ကျသွားပြီ။ ဒါပေမယ့် သေချာတော့ ပြောလို့မရဘူး။နှစ်တိုင်းရေဝင်တယ်။ လမ်းတွေက နမ့်ဆိုင်ချောင်းထက် နိမ့်တော့ ရေတွေ ဝင်တာ။ တာလော့စျေး ဘက်တော့ ရေမြှုပ်တယ်” ဟု စိုင်းဝမ်း က ပြောသည်။

လက်ရှိ အချိန်ထိ တာချီလိတ်မြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်မှုကြောင့် တာချီလိတ်တွင် နာမည်ကြီးသည့် တာလော့စျေးလည်း ခေတ္တ ပိတ်ထားရသည်။

“ တာချီလိတ် ကတော့ မိုးနည်းနည်း ရွာလိုက်တာနဲ့ အနိမ့်ပိုင်း ကတော့ ရေဝင်ပြီးသားပဲ။ နှစ်တိုင်းဖြစ်နေကြပါ။ မနှစ်ကဆို တာလော့စျေးဆိုင်ခန်းတချို့ ရေ ဝင်လို့ ဆုံးရှုံးမှုတွေ အများကြီးပါပဲ” ဟု တာချီလိတ် တာလော့စျေးတွင် စျေးရောင်းနေသည့် အမျိုးသမီး တဦးက ပြောသည်။

မြန်မာ – ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့မှာ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ ညပိုင်းက မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေကြောင့် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၏ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်းမှာ ရေများ ၀င်ရောက်နေသည်ကို စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်က တွေ့မြင်ရသော်လည်း လက်ရှိအနေအထားအရ စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

အလားတူ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် တာလော့စျေးနှင့် တာလော့ရပ်ကွက်အတွင်းတွင်လည်း ရေများဝင်ရောက်မှု စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၁)နာရီကျော်အထိ ကြုံတွေ့နေရဆဲဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးများ လိုအပ်ပါက ကူညီပေးနိုင်ရန် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က အဆင်သင့်ဖြစ်နေ သည်ဟုလည်း သိရသည်။

နမ့်ဆိုင်ချောင်းသည် တာချီလိတ်ခရိုင် မိုင်းတုမ်းအုပ်စု၏မြောက်ဘက်အရပ်တွင် မြစ်ဖျားခံကာ တောင်ဘက်အရပ်သို့စီးဆင်းလာပြီး မယ်ဆိုင်မြို့အနောက်ဘက် ထိုင်းမြန်မာနယ်စပ်အရောက် အရှေ့ဘက်သို့ နယ်စပ်တလျှောက် တာချီလိတ်-မယ်ဆိုင်မြို့ကြား ဖြတ်သန်းစီးဆင်းကာ ချင်းဆဲန်မြို့အနီး နမ့်ဟုတ်ချောင်းနှင့်ပူးပေါင်းကာ မဲခေါင်မြစ်အတွင်းစီးဝင်ပါသည်။ နယ်စပ်တလျှောက် ကီလိုမီတာ ၃၀ ခန့် ဖြတ်သန်းစီးဆင်းကြောင်းလည်း သိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...